KBZ Womem Leagueပွဲကြီးကိုခြိမ့်ခြိမ့်သဲသဲကျင်းပနေတာ

ပွဲစဉ်လေးကိုရောက်ရှိခဲ့ပါပြီ။ပွဲစဉ်လေးမှာအမှတ်ပေးဇယား

ထိပ်ဆုံးမှာအသီးသီးရပ်တည်နေကြတဲ့Sport&Education

နဲ့သစ္စာအားမာန်တို့ထိပ်တိုက်တွေ့ဆုံနေခဲ့ပါတယ်။ခြေစွမ်း

ကောင်းမွန်တဲ့အသင်းကြီးအချင်းချင်းတွေ့ဆုံခဲ့တာကြောင့်

မနေ့ကပွဲဟာတကယ်ကိုအကြိတ်အနယ်ရှိခဲ့ပါတယ်။

အသင်းကြီးနှစ်သင်းဖြစ်ပြီးနှစ်သင်းစလုံးတိုက်စစ်ဖွင့်ကစားကြတာမို့အပြန်အလှန်သွင်းဂိုးတွေနဲ့တကယ့်ကိုကြည့်ကောင်း

ခဲ့တဲ့ပွဲတစ်ပွဲလို့ဆိုရမှာပါ။

Sport&Education အသင်းကဦးဆောင်ဂိုးကိုစတင်

ရရှိခဲ့ပါတယ်။ပွဲချိန်၃၈မိနစ်မှာ နုနုရဲ့ပေးပို့မှုမှ တစ်ဆင့် တိုက်စစ်မှူး ရီရီဦး သွင်းယူပေးခဲ့ပါတယ်။ပွဲချိန် ၄၂မိနစ်တွင် သစ္စာအားမာန်ဂိုးသမား ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့သည့်အတွက် Sport&Education အသင်း ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပါတယ်။အဆိုပါပယ်နယ်တီကိုပဲအမှားအယွင်းမရှိကန်သွင်းယူခဲ့

ပါတယ်။ ပထမပိုင်းအပြီးမှာSport&Educationကသစ္စာ

အားမာန်ကိုနှစ်ဂိုးဂိုးမရှိနဲ့ဦးဆောင်ထားခဲ့ပါတယ်။

ဒါပေမယ့်ဒုတိယပိုင်းမှာတော့သစ္စာအားမာန်တို့အံအား

သင်းဖွယ်ရာပြန်လာခဲ့ပါတယ်။သစ္စာအားမာန်အသင်းအတွက် ချေပဂိုးကို ပွွဲချိန် ၅၂မိနစ်တွင် ဖူးပွင့်ခိုင်၏ ပေးပို့မှုမှ ကနေ ခိုင်မာဦးက ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ သစ္စာအားမာန်အသင်းအတွက် ဒုတိယချေပဂိုးကို ပွဲချိန် ၅၆ မိနစ်တွင် သစ္စာအားမာန် နောက်ခံလူ ကန်တင်လိုက်သည့်ဘောလုံး S&E အသင်းသား ခေါင်းဖြင့် ထိကာ လျှံကျလာသည့်ဘောလုံးကို တိုက်စစ်မှူး ခင်မိုးဝေ အပိုင်ကန်သွင်းကာ ရယူပေးခဲ့တယ်။သစ္စာအားမာန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ပွဲချိန် ၈၁ မိနစ်် မှာဝါရင့်တောင်ပံကစားသမားနော်အားလိုဝါးဖောက

အဝေးကနေကန်သွင်းရယူခဲ့ပါတယ်။ပွဲအပြီးမှာတော့

သစ္စာအားမာန်ကသုံးဂိုးနှစ်ဂိုးSport&Educationကိုအနိုင်

ရရှိခဲ့ပါတယ်.

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။