မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ကိုပါဒရေးဖလား ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ အဝေးကွင်းမှာ လီဂါနက်စ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယအကျော့ကိုတော့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။

လီဂါနက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘီယူဗူး၊ နာရန်ဂျို၊ အီရာဆို၊ အလ်ဇာ၊ ဂန်ဘာ၊ ပီရက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မာရိုရယ်၊ အဆန်စီရို၊ ဆီဘယ်လော့၊ ဗက်ကွက်စ်၊ ကိုဗာဆစ်၊ လောရန်တေး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ အဓိကကစားသမား အများစုကို အနားပေးခဲ့တာဖြစ်ပြီး လူငယ်တွေကိုသာ ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဂါနက်အသင်းအပေါ် ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပေမဲ့ ဂိုးသွင်းယူနိုင်ဖို့တော့ ခက်ခဲခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့ အချိန်အထိ နှစ်သင်းလုံးဟာဂိုးမရှိသရေ နဲ့သာ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ၈၉ မိနစ်မှာ အဆန်စီရို က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယအကျော့မှာ ဘယ်လိုရလဒ်တွေထွက်ပေါ်လာအုံးမှာလဲဆိုတာတော့ စောင့်ကြည့်ရမယ်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။