လုပ်ငန်းလုပ်ကိုင်ရာလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ကိုယ်နေထိုင်ရာပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် လေးစားအားကျရတဲ့ စံပြပုဂ္ဂိုလ် တစ်ယောက်လောက်ကတော့ ရှိတတ်ကြပါတယ်။ ထို့အတူပဲ ကျေးရွာရပ်ကွက် တွေမှာလဲ တရွာနဲ့တရွာ၊ တရပ်ကွက်နဲ့တရပ်ကွက် လုပ်ဆောင်ချက် ရွာသူရွာသားတွေရဲ့စည်းလုံးမှု ၊ စည်းကမ်းရှိမှု တွေကြောင့် လေးစားအားကျရတဲ့အဖြစ်အပျက်တွေလဲ များစွာရှိကြပါတယ်။ လက်ရှိမြန်မာနိုင်ငံအတွင်းမှာလဲ လေးစားအားကျစရာကောင်းတဲ့ ရွာလေးတစ်ရွာရှိပါတယ်။

ထိုရွာလေးကတော့ ကျောက်တန်းမြို့ကနေ ၉မိုင်ခွဲထပ်ဝင်ရသေးတဲ့ ဝဲကြီးရွာပဲဖြစ်ပါတယ်။၎င်းရွာလေးရဲ့ထူးခြားချက်လေးကတော့ တရွာလုံးမှာ အမှိုက်လုံးဝမရှိတာပါ။ အိမ်တိုင်းမှာအမှိုက်အိတ်လေးတွေရှိသလို လမ်းလေးမှာလဲ အမှိုက်ခြင်လေးတွေထားပေးထားပါတယ်။ ထွက်လာတဲ့အမှိုက်ကို စနစ်တကျစွန့်ပစ်ဖို့ သတ်မှတ်ထားကို ကြည့်ခြင်းအားဖြင့် ထိုရွာလေးရဲ့စည်းလုံးမှု ၊ စည်းကမ်းရှိမှု နဲ့ ရွာရဲ့အဆင့်အတန်းလေးကို ပြေးပြီးမြင်ယောင်မိပါတယ်။

စည်းကမ်းရှိလှတဲ့ ၎င်းရွာလေးတစ်ရွာရှိနေတာကလဲ လေးစားဖို့ကောင်းလှပါတယ်။ ထိုရွာလေးလိုပဲ လေးစားအားကျဖို့ကောင်းလှတဲ့ အခြားနေရာလေးတွေလဲများစွာရှိနေ ဦးမယ်လို့ထင်ပါတယ်။ ထိုရွာလေးလိုပဲ နေရာတိုင်းမှာ စည်းကမ်းရှိရှိ ၊ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်သွားရင် သာယာကြည်နူးဖို့ကောင်းတဲ့ အဖြစ်အပျက်လေးတွေ များစွာရရှိနိုင်လာလိမ့်မယ်လို့ထင်မိပါတယ်။

source - Naing Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။