"အလုပ်ဆင်းတဲ့လမ်းဟာ အိမ်တည့်တည့်ပြန်တဲ့ လမ်းကြောင်းဖြစ်ပါစေ" ဆိုပြီး ခင်ပွန်းကိုပြောလိုက်တဲ့ အူဝဲ

နေနဲ့လ ရွှေနဲ့မြ ဆိုသလို ပရိသတ်တွေအားလုံးကို တန်ဖိုးထားချစ်မြတ်နိုးရတဲ့သူတွေကတော့ တီတီနဲ့အူဝဲ တို့ရဲ့ မိသားစုကမ႓ာလေးပေါ့။ နာမည်ကျော် ထိပ်တန်း မင်းသားမင်းသမီးတွေရဲ့ မိသားစုဖြစ်လို့ လူအများအာရုံထားခံရပေမယ့် အခုအချိန်ထိ သာသာယာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးအဖြစ်ရှိနေဆဲ နောက်လည်း ရှိနေဦးမှာပါပဲ။ ချစ်ရတဲ့ သားသမီးနှစ်ယောက်နဲ့အတူ အလုပ်နဲ့ မိသားစုဘဝကို ဟန်ချက်ညီညီလုပ်ကိုင်နိုင်စေဖို့ အမေဖြစ်တဲ့ အူဝဲက အဖေဖြစ်တဲ့ ပြေတီဦးကို ဒီလို ဆုံးမသတဲ့………

"ဖခင်များသို့ အကြံပေးချက်" ဆိုတဲ့ ဖခင်တစ်ယောက်ဟာ မိသားစုတစ်ခုအတွက် သားသမီးတွေအတွက် ဘယ်လောက်ထိအရေးပါသလဲဆိုတာကို ရေးသားဖော်ညွှန်းထားတဲ့ စာပိုဒ်လေးကို share ပြီး

"အလုပ်ဆင်းတဲ့လမ်းဟာ အိမ်တည့်တည့်ပြန်တဲ့လမ်းကြောင်းဖြစ်ပါစေ...အလုပ်ဘယ်လောက်ပဲများများ သင်ဟာဖခင်ဖြစ်ပါတယ်...

ဖခင်ဖြစ်သူဟာအမြဲအိမ်မကပ်တတ်တာမို ့အတတ်နိုင်ဆုံးကလေးများနဲ့အတူနေပေးပါ..." တဲ့ ဖေဖေPyay Ti Oo

ဆိုပြီး သူ့ခင်ပွန်းကို ဆုံးမသတဲ့လေ……

သြော် ယောက်ျားကိုလည်း ကိုင်တတ်ပါတယ် ချစ်ရတဲ့ အူဝဲရယ်……

Source: Eaindra Eaindra

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။