နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်တစ်ယောက် သူမရဲ့ချစ်စရာ ကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေထံ ထပ်မံပို့ ဆောင်လိုက်ပြန်ပါတယ်။ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်သလို အားပေးသူပရိတ်သတ်တွေကလည်း အများ အပြားပါပဲ။ ကျရာဇာတ်ရုပ်မှာ အဆင်ပြေပြေသရုပ်ဆောင်နိုင်တဲ့ စွယ်စုံရအနုပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။ အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်းပိုင်ဆိုင်ထားပြီး အရည်အချင်း ပြည့်ဝတာကြောင့် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတပွေ့တပိုက်နဲ့ မားမား မတ် မတ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ အနမ်းဝိုင် ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ဖေဖော်ဝါရီ (၁၄) ရက် ချစ်သူများနေ့မှာ ရုံတင်ပြသမှာဖြစ်ပါ တယ်။ အောင်ရဲလင်းနဲ့တွဲဖက်သရုပ်ဆောင်ထားပြီး Drama ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါ တယ်။

ခရီးသွားနေတဲ့အခိုက်အတန့်ဟာ သူမအတွက် အပူအပင်ကင်းမဲ့ပြီး ဟန်ဆောင်မှုတွေကင်း တဲ့ ပျော်ရွှင်စရာအချိန်လေးပါဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့ Facebook မှာ တင်ထားခဲ့ပါ သေးတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ခြယ်သထားတဲ့ သူမရဲ့ပုံရိပ်လေးတွေက ကြွေချင်စရာ ကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။ ပန်းရောင်ဘောလုံးလေးတွေကြားထဲ မှာ လှချင်းတိုင်းလှနေတဲ့ သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေး တွေက အသည်းယားချင် စရာပါပဲ။

အနက်ရောင်ကိုယ်ကျပ်တျောက်လျောက် အင်္ကျ ီရှည်ကိုဝတ်ဆင်ထားတဲ့ သူမရဲ့ပုံရိပ် တွေက လုံးဝကိုအမိုက်စားပါပဲ။ ပန်းရောင်ဘောလုံးလေးတွေကြားထဲက သူမရဲ့ချစ်စဖွယ် အပြုံးလေးက ပရိတ်သတ်တွေရဲ့အချစ်ကို ပိုမိုချွေယူလိုက်သလိုပါပဲ။ ဖြူစင်တဲ့အပြုံးလေး တွေနဲ့ ပေါ့ပါးလွတ်လပ်ပျော်ရွှင်နေတဲ့ သူမရဲ့ ချစ်စဖွယ်ပုံရိပ် လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Wutt Hmone Shwe Yi’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။