ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ တက်သစ်စမော်ဒယ်မလေး နော်ဖောအယ်လ်ထားရဲ့မွေးနေ့ရက်မြတ်လေး

ဖြစ်ပါတယ်။ဒီနေ့ဟာသူမရဲ့ အသက်(၂၂)နှစ်ပြည့်မွေးနေ့လေးဘဲဖြစ်ပါတယ်။ နူတ်ခမ်းနီမလေးတွေအသဲစွဲ ဦးစိုင်းရဲ့BRANDEDတစ်မျိုးဖြစ်တဲ့ SAI နူတ်ခမ်းနီကြော်ငြာကနေစပြီး ပရိတ်သတ်တွေရင်ထဲ တိုးဝင်လာခဲ့ပါတယ်။

နော်ဖော်ဟာအနုပညာလောကထဲကို (၁၀)တန်းဖြေပြီးကတည်းက ဝင်ရောက်လာတာလို့ သိရပါတယ်။ Sony Head Phoneကြော်ငြာကိုစတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမဟာသြစတေးလျမှာ ကျောင်းသွားတက်နေပြီး မြန်မာနိုင်ငံပြန်ရောက်တိုင်းလည်း အနုပညာအလုပ်တွေ ကြိုးစားလုပ်ကိုင်နေပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ကြော်ငြာတွေ ဓာတ်ပုံတွေတော့ ရိုက်ကူးနေတာ သိရပါတယ်။ နောက်ပိုင်းမှာ သရုပ်ဆောင်လုပ်ဖို့ အစီစဉ်ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။

"HAPPY BIRTHDAY"ပါ နော်ဖောရယ်။ မွေးနေ့မှသည်နောက်နှစ်ပေါင်းများစွာ စိတ်ဧ။်ချမ်းသာခြင်း ကိုယ်ဧ။်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီး ရှေ့လျှောက်အနုပညာလမ်းမှာလည်း အောင်မြင်မှုတွေရှိနိုင်ပါစေ။ နော်ဖောကိုချစ်တဲ့ပရိတ်သတ်ကြီးတို့လည်း နော်ဖောအတွက်မွေးနေ့ဆုတောင်းလေးတွေ မန့်ပေးခဲ့ကြပါအုံးနော်။ 

SOURCE- NAW PHAW EH HTAR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။