အလှအပအတွက် ဇွန်းလေးတစ်ချောင်းဟာ သိပ်ကိုအရာရောက်တယ်ဆိုတာ ပျိုမေတု့ိသိပြီးပြီလား?

စတီးဇွန်းလေးတစ်ချောင်းရှိရုံနဲ့ ညီညာလှပစွာ ခြယ်သထားတဲ့ မျက်နှာလှလှလေးကိုဘယ်လိုပိုင်ဆိုင်နိုင်မလဲ ဆိုတာကို ပြောပြပေးမယ်နော် ။

ပါးရိုး

ပါးရိုးချတာဟာ ဒီနေ့ခေတ်မှာ အရမ်းကိုခေတ်စားနေတဲ့ နည်းလမ်းလေးတစ်ခုပါ။

ဒီလိုပါးရိုးချဖို့ဆိုရင် ဇွန်းထိပ်ကိုနားထင်အထက်နားမှာထားကာ အောက်ခြေအထိ ညီညာစွာဆွဲချနိုင်ပါတယ်။

Eye Liner

Eye Liner အတွက်ကတော့ စတီးဇွန်းကဆရာတစ်ဆူပါပဲ။ နှာတံထိပ်ဖျားကနေ မျက်ဝန်းအစပ်အထိ တိုင်းကာညီညာတဲ့ Eye liner လေးတစ်ခုဖန်တီးနိုင်ပါတယ်။ ဘေးကိုအစွမ်းအထင်းတွေမရောက်စေဖို့အတွက်လည်း ဇွန်းလေးနဲ့ ပုံဖော်နိုင်ပါတယ်။

Eye Shadow

Eye Shadow ကမျက်လုံးလေးကိုတောက်ပစေဖို့အတွက် များစွာအထောက်အကူပြုပါတယ်။ ဒါပေမယ့် ဘယ်လိုနေရာကို ခြယ်သရမလဲမသိဘူးဆိုရင်တော့ ဇွန်းလေးတစ်ချောင်းနဲ့ မျက်ဝန်းလေးကို အုပ်ထားလိုက်ပါ။ ကျန်တဲ့နေရာအစိတ်အပိုင်းတွေကို ခြယ်သလိုက်မယ်ဆိုရင်တော့ မျက်ဝန်းလှလှလေးကို ပိုင်ဆိုင်နိုင်ပြီပေါ့။

မျက်တောင်

မျက်တောင်ကော့ဖို့အတွက်လည်း ဇွန်းကိုအသုံးပြုလိုက်ပါ။ မျက်တောင်တွေရဲ့အပေါ်မှာ ဇွန်းလေးကိုဖိကပ်ထားမယ်ဆိုရင်တော့ ကော့ညွှန့်နေတဲ့ မျက်တောင်လှလှလေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်သလို အစွန်းအထင်းတွေအတွက်လည်း စိတ်မညစ်ရတော့ဘူးပေါ့ ။

ဒါကတော့ ဇွန်းလေးသုံးပြီး အမြန်ဆုံးပြင်ဆင်နိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဆို မိတ်ကပ်ပစ္စည်းတွေထဲမှာ ဇွန်းလေးတစ်ချောင်းကို ဆောင်ထားဖို့လဲ မမေ့တော့နဲ့နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။