ဟောင်ကောင်ရှိ စွန့် ဦးတီထွင်ကုမ္ပဏီငယ်တစ်ခုကတော့ ကွန်ကရစ် ရေပိုက်လုံးကြီးများကို ဒီဇိုင်း လှပသေသပ် လှသည့် နေချင်စဖွယ် အိမ်လေးများအဖြစ် အသွင်ပြောင်းလိုက်သည်။ ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံး မြို့ကြီးပြကြီးများအ နက် တစ်ခုဖြစ်ပြီး နေနိုင်မှုစရိတ်စကမှာ ပြီးခဲ့သည့်နှစ်တွင် ၁၂ လဆက်တိုက် စံ ချိန်တင် ထိုးတက်သွားခဲ့ရာ ဟောင်ကောင် တိုက်ခန်းဈေးမှာ အာရှတစ်ခွင် အမြင့်ဆုံး ဖြစ်သွားခဲ့ပြီဖြစ်သည်။

ထို့ကြောင့် လူ ပေါင်း ၂၀၀၀၀၀ ကျော်မှာ အခန်းငယ် လေးများကန့်ထားသည့် တိုက်ခန်းများသို့ သာ ပြောင်းရွှေ့ကုန်ကြရတော့သည်။ ထို့ကြောင့်ပင် စွန့်ဦးတီထွင်အဖွဲ့က တန်ဖိုးသင့်တင့်သည့် အိမ်ခန်းကို တီထွင် မိတ်ဆက်လိုက်ခြင်းဖြစ်သည်။ စတုရန်း ပေ ၁၀၀၀ ရှိသည့် အဆိုပါ ကွန်ကရစ်ပိုက် လုံးအိမ်တစ်လုံးတွင် လူ နှစ်ဦးအထိ နေ ထိုင်နိုင်မည်ဖြစ်သည်။ ထိုအိမ်ရှိ အိမ်ရှေ့ ခန်းတွင် ခုံတန်းရှည်ရှိပြီး ယင်းကို အိပ်ရာ အဖြစ် ပြောင်းလိုက်နိုင်မည်ဖြစ်သည်။

ရေ ခဲသေတ္တာ အသေးစားလည်းပါမည်ဖြစ်ပြီး ရေချိုးခန်း၊ သန့်စင်ခန်းကို တွဲထားကာ အဝတ်အစားနှင့် ပစ္စည်းများ ထားစရာအ တွက်လည်း နေရာပါမည်ဖြစ်သည်။ ယင်း ပိုက်လုံးကြီးတစ်လုံးလျှင် အလေးချိန် ၂၂ တန်သာရှိသည့်အတွက် တပ်ဆင်ရ လွယ် ကူမည်ဖြစ်သည်။ တိုက်ကြီးနှစ်တိုက်ကြား ထဲရှိ လမ်းကြားတွင် ယင်းကို တပ်ဆင် ထားလိုက်လျှင် လူနှစ်ဦး အေးအေး ဆေးဆေး နေထိုင်နိုင်မည်ဖြစ်သည်။

Source : Pyi Myanmar (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။