လေးခွရယ်၊လေသေနတ်ရယ် နဲ့ဓါးပြတိုက်ခဲ့တဲ့ စမ်းချောင်း ရှမ်းကုန်းလမ်းက ဓါးပြတိုက်မှု

စမ်းချောင်း ရှမ်းကုန်းလမ်း အိမ်အမှတ် ၁၄ ဘီ မြေညီထပ်မှာဖွင့်လှစ်ထားတဲ့ M.S Group Money Changer ကို ဒီကနေ့မှာ လေသေနတ် (ပစ္စတိုတစ်လက်)၊ လေးခွတစ်လက်နဲ့ လူနှစ်ယောက်က ငွေတွေလုယူခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ တစ်သောင်းခွဲ၊ မြန်မာငွေ သိန်းတစ်ရာ့ငါးဆယ်နဲ့ ဖုန်း ၄လုံး၊ ဖုန်းငွေဖြည့်ကတ် ၄သိန်းဖိုး လုယက်သွားတယ်လို့ အစိုးရက ဆိုပါတယ်။ လုယက်သူ ၂ယောက်ဟာ မျက်နှာဖုံးအုပ်ထားပြီး CCTV ကို ရိုက်ခွဲခဲ့သလို CCTV မှတ်တမ်း Hard Disk ကိုလည်း ရိုက်ခွဲယူဆောင်သွားတယ်လို့ ဆိုပါတယ်။

Credit-Kamayut Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။