သူတို့နှစ်ယောက်ကို ချစ်တဲ့ ပရိသတ်တွေရှိလား။

ဟောလိ၀ုဒ်ရဲ့ နာမည်ကြီး ဆယ်လီစုံတွဲဖြစ်တဲ့ အဆိုတော် Zayn Malik နဲ့ စူပါမော်ဒယ် Gigi Hadid တို့နှစ်ဦးကတော့ မနေ့က နယူးယောက်မြို့မှာ ဒိတ်လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အသက်(၂၂)နှစ်အရွယ် ဗစ်တိုးရီးယားစီးခရက်မော်ဒယ်တစ်ဦးဖြစ်တဲ့ ဂျီဂျီဟာ အမိုက်စား Leather ဂျက်ကင်ကို အပေါ်ကထပ်ဝတ်ထားပြီး အနက်ရောင်ဂျင်းပြဲ နဲ့ အပြတ်လန်းနေတာဖြစ်ပါတယ်။

One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ကလည်း သူ့ရဲ့ ချစ်သူနဲ့လိုက်ဖက်တဲ့ ဖက်ရှင်မျိုးဝတ်ဆင်ထားပြီး အတူတူ အပြင်ထွက်လာတဲ့ ပုံရိပ်တွေကို ပါပါရာဇီတွေက ရိုက်ကူးခဲ့တာပါ။

ချစ်စရာအကောင်းဆုံးစုံတွဲလေးအဖြစ် လူအများရဲ့ အားကျစရာ အချစ်ရေးပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း(၂)နှစ်ကျော်ရှိနေပြီး မကြာခဏ ဒိတ်လုပ်လေ့ရှိပါတယ်။

ပရိသတ်စိတ်ဝင်စားမှုတွေရရှိနေတဲ့ သူတို့စုံတွဲလေးကတော့ ဖက်ရှင်နဲ့ပတ်သက်ရင် အပြစ်ပြောစရာမရှိအောင် လန်းနိုင်သူတွေပါ။

သူတို့နှစ်ယောက်အတူတူ ချိန်းတွေ့ခဲ့တဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

သူတို့နှစ်ဦးဟာ Pillow Talk ဆိုတဲ့ သီချင်းလေးမှာ အတူတူပါ၀င်သရုပ်ဆောင်ထားကြပြီး တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမနဲ့ အရမ်းချစ်ကြသူတွေအဖြစ် နာမည်ကြီးနေတာပါ။ 

Just Jared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။