ယနေ့ ဇန်နဝါရီ(၁၉)ရက်နေ့လေးကတော့ သီချင်းစာသားလန်းလန်းလေးတွေနဲ့ လူငယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော်မလေး အမွန်းရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

ဒီနေ့ မွေးနေ့လေးမှာတော့ ခပ်လန်းလန်းအဆိုတော်မလေး အမွန်းရဲ့ အသက်(၂၇)နှစ်ပြည့် မွေးနေ့ရက်လေးလည်း ဖြစ်တယ်လို့ သိရပါတယ်..။

သူမရဲ့ မွေးနေ့ရက်လေးမှာလည်း ချစ်ခင်ရတဲ့ အနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေကလည်း မွေးနေ့ ဆုတောင်းစကားလေးတွေ ပြောပေးထားတာ တွေ့ရပါတယ်..။

ကချင်တိုင်းရင်းသူလေး ဖြစ်တဲ့ အဆိုတော်မလေး အမွန်းကတော့ တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တွေထဲကလည်း တစ်ဦးအပါအဝင်ပါပဲ..။

သူမရဲ့ ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်အခွေကို (၂၀၁၄)ခုနှစ်မှာ ထွက်ရှိခဲ့ပြီး (၂၀၁၅)ခုနှစ်မှာတော့ “Automatic” ဆိုတဲ့ ဒုတိယ အယ်လ်ဘမ်အခွေ ထွက်ရှိထားကာ တတိယ အယ်လ်ဘမ်ဖြစ်တဲ့ “အလွန်အန္တရာယ်” အခွေကတော့ (၂၀၁၇)ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်..။

သူမကတော့ အဆိုတော်တစ်ဦးဖြစ်တဲ့အပြင် တေးသီချင်းကောင်းလေးတွေကိုလည်း ကိုယ်တိုင်ရေးသားထားတာလည်း တွေ့ရပါတယ်..။

လူငယ်ပရိသတ်တွေ အများဆုံး ရရှိထားတဲ့ အဆိုတော် အမွန်းကတော့ သူမရဲ့ တေးသီချင်းကောင်းလေးတွေနဲ့အတူ အမိုက်စား ဖက်ရှင်စတိုင်လ်လေးတွေကြောင့်လည်း လူသိများလာတာ တွေ့ရပါတယ်..။

ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေကတော့ အချစ်ပိုနေရဆဲပါပဲ..။

ပရိသတ်ကြီးများလည်း ယနေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးမှာ မွေးနေ့ ဆုတောင်းလေးတွေ ပြောပေးသွားပါဦးနော်.

Source - အမွန်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။