အချိုမှုန့်အကြောင်းသိတဲ့သူရော၊ မသိတဲ့သူရော၊ မဖြတ်နိုင်တဲ့သူတွေရော၊ အားလုံး အသိလေးတစ်ခု ရစေဖို့တင်ဆက်ပေးတာပါနော်။ ငါတို့ကဘိုးတော်ဘုရားလက်ထက်ကတည်းက အချိုမှုန့်စားလာတာဆို လည်းရပါတယ်။ ကိုယ်ကြိုက်လို့ကိုယ်စားတာလေ၊ ဒါပေမဲ့ ကျန်းမာရေးအသိလေးတစ်ခုရဖို့ တင်ပြပေး လိုက်ပါတယ်။ အချိုမှုန့်ကို တစ်ချို့ကတော့ အသံတိတ်လူသတ်သမားလို့တောင် ခေါ်ကြပါတယ်။အချို့မှုန့် ဘယ်လောက်ထိအန္တာရယ်ရှိလဲ ဆိုတာခုဆိုရင် သိလောက်ပါပြီး။ အချိုမှုန့်မှာ monosodium glutamate လို့ခေါ်တဲ့ ဓာပေါင်းစုပါဝင်ပါတယ်။ နောက်တစ်မျိုးကတော့ amino acid တစ်မျိုးပါဝင်ခြငး်ကြောင့် အစားစာကို အရသာပြောင်းသွားစေပြီး လျှာပေါ်မှာ စွဲသွားစေပါတယ်။ အချိုမှုန့်ဟာပုံမှန်စားသင့် တဲ့ဟင်း ခတ်ပစ္စည်းတစ်ခုအနေနဲ့မသုံးပါနဲ့နော်။ အောက်မှာအချိုမှုန့်စားခြင်းကြောင့် ဆိုးကျိုးတွေဖြစ်တတ်တာကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အဓိကဆီးချိုသမားတွေ သတိထားရပါမယ်။ အချိုမှုန့်မှာ ဆီးချိုမဖြစ်အောင် အင်ဆူလင်ဟော်မုန်းလုပ် ဆောင်ချက်တွေကို ဖျက်စီးစေတဲ့ဓာတ်တွေ အချိုမှုန့်ထဲပါဝင်နေပါတယ်။ အဝလွန်ခြင်းရဲ့အကြောင်းတရား ကတော့ အချို့မှုန့်စားခြင်းကအဓိကပါဝင်နေပါတယ။ အချိုမှုန့်မှာပါဝင်တဲ့ဓာတ်တွေက အစာစားချင်စိတ်ကို ထပ်ကာထပ်ကာဖြစ်ပေါ်စေပါတယ်။ ဝလာရင်တော့ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်တဲ့ လက္ခဏာ စတာတွေက ဆက်တိုက်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။နောက်ပြီးတော့ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေပြီး အရွယ်မတိုင်မှီ မှတ်ညဏ်ပျေက်ကွယ်နိုင်ပါတယ်။ အချိုမှုန့်ကို ကလေးငယ်များအား မစားအောင် ရှောင်ပေးသင့်ပါတယ်။ ကလေးငယ်တွေအနေနဲ့လည်း ညဏ်ရည်ကျဆင့်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥရောပနိုင်ငံတွေမှာ အချိုမှုန့်မစားဖို့အစိုးရကတရာဝင်ကြေငြာထားပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ လုံးဝရှောင်ကြည်သင့်ပါတယ်။ မွေးလာမဲ့ကလေးဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်းပြီး မဖွံဖြိုးတဲ့ ကလေးငယ်ဖြစ်လာပါစေလိမ့်မယ်။

အမျိုးသားတွေအနေနဲ့ မျိုးပွားစွမ်းရည် ကျဆင်းပြီး၊ သားသမီးရနိုင်စွမ်း ကုန်ဆုံးတာတွေ ဖြစ်တတ်ပါတယ်။ အချိုမှုန့်စားခြင်းရဲ့အကျိုးဆက်တွေကတော့ ခေါင်းကိုက်ခြင်း၊ ခေါင်းမှုးခြင်း၊ မျက်နှာတင်းကြပ်ခြင်း၊ တို့ခံစားရတတ်ပါတယ်။ နောက်အကျိုးဆက်တွေကတော့ ပါးစပ်ဟ ပိတ် လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း၊ တို့ကို်လည်း ခံစားရတတ်ပါတယ်။အထူးရှောင်သင့်တဲ့သူတွေ ထဲမှာ သက်ကြီးရွယ်အိုများ၊ ကျောင်းသားကျောင်းသူမျုား၊ အထူးရှောင့်ကြည်သင့်ပါတယ်နော်။ အချိုမှုန့်နှင့် ဆားဟာ ဆိုဒီယမ် ဆားဓာတ်တွေဖြစ်တဲ့အတွက် သွေးတွင်းဆိုဒီယမ်မြှင့်တက်မှုများလာကာ သွေးတိုးခြင်း ဖြစ်စေပါတယ်။ သွေးတိုးဝေဒနာခံစားရသူတွေ အထူးရှောင်သင့်ပါတယ်။ အချိုမှုန့်လျော့သုံးဖို့အတွက် အစားအသောက် ထဲမှာ တစ်ကီလိုရှိတဲ့ အစားစာထဲကို အချိုမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထက်မပိုမီပါစေနဲ့ ။ ရယ်ဒီမိတ် တွေကို လျော့စားပါ။ အချိုမှုန့်ပါဝင်နေလို့ဖြစ်ပါတယ်။ အချိုမှုန့်အစား ပုဇွန်ခြောက်မှုန့်၊ ငါးပိ၊ တို့ကို အစားထိုးစားနိုင်ပါတယ်။

Source : pauk pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။