မြန်မာနိုင်ငံက သဘာဝအလှတရားတွေပြည့်ဝနေတဲ့ တိုင်းပြည်တစ်ပြည်ဆိုတာ မြန်မာလူမျိုးတိုင်း သိနှင့်ပြီးသားဖြစ်မှာပါ။ လက်ရှိမြန်မာပြည်အတွင်းတွင် ရှာဖွေတွေ့ရှိနေသော အရသတ္ထုများစွာနဲ့ နေရာဒေသများစွာရှိနေပါတယ်။ ယခု ရခိုင်ပြည်နယ် မင်းပြားနယ်တွင် အမည်မသိဆောင်းခိုငှက်ကြီးတစ်ကောင်ကို တွေ့ရှိကြောင်းတွေ့ရပါတယ်။ 

အဆိုပါ ဆောင်းခိုငှက်ကြီးကိုရန်ခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ရွှေကျန်(မဟာကျန်) ဘုရားရင်ပြင်ပေါ်တွင် တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ယင်းဆောင်းခိုငှက်ကြီးသည် ရင်ပြင်ပေါ်သို့ရောက်ရှိချိန်တွင် မောပန်းနွမ်းနယ်ဟန်ရှိနေကြောင်း သိရပါတယ်။ ယမန်နှစ် ဆောင်းရာသီကာလတွင်လည်း ရခိုင်ပြည်နယ် မင်းပြာမြို့နယ် ဝင်းဇားကျေးရွာအုပ်စု င/ပုကွရွာသို့ ယခုကဲ့သို့ ဆောင်းခိုငှက် သုံးကောင်ရောက်ရှိခဲ့ဖူးကြောင်း သိရပါတယ်။ 

ပရိသတ်ကြီးအတွက် အသစ်အဆန်းဖြစ်သွားစေတဲ့ ငှက်ကြီးပဲဖြစ်ပါတယ်။ လက်ရှိတွေ့ရတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရွှေကျန်(မဟာကျန်) ဘုရားပေါ်ရှိဆောင်းခိုငှက်ကြီးအကြောင်း ပရိသတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါတယ်။

Source - NCL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။