ဒီနေ့ဇန်နဝါရီလ(၁၉)ရက်နေ့ကတော့ ပရိသတ်အချစ်တော် ခေတ် နဲ့ သစ် ရဲ့ မွေးနေ့ဖြစ်ပါတယ်။

အနုပညာလောကရဲ့ နာမည်ကြီးအဆိုတော်စုံတွဲလေးဖြစ်တဲ့ လင်းလင်း နဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ ရဲ့ ပထမဆုံးမွေးဖွားတဲ့ အမွှာသမီးလေးတွေဖြစ်ပြီး မိဘတွေထက် ဖေ့ဘုတ်ဆယ်လီဖြစ်နေတဲ့ ကလေးတွေလို့လည်း ဆိုနိုင်ပါတယ်။

မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ ရဲ့ အသက်(၁)နှစ်ပြည့်မွေးနေ့လေးကို လင်းလင်းနဲ့ မေမေထရီဇာက မဟာအတုလဝေယံဘုံသာ တိပိဋကရွှေပါရမီကျောင်းတော်မှာ နှစ်ဖက် အဘိုးအဘွားတွေကို အမှုးထားပြီး ဆွမ်းကပ်လှုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖေဖေ မေမေတို့နဲ့ အတူပျော်နေတဲ့ ခေတ် နဲ့ သစ် ညီအစ်မနှစ်ယောက်ကတော့ မွေးနေ့အလှုတော်လုပ်တဲ့နေ့လေးမှာ ချစ်စရာကောင်းတဲ့ ၀တ်စုံလေးတွေဆင်တူ ၀တ်ထားကြပါတယ်။

မေမေချစ်သုဝေကတော့ အနုပညာရှင်တွေထဲမှာ ထူးထူးခြားခြားအနေနဲ့ အမွှာသမီးလေးတွေမွေးဖွားခဲ့တာမို့ သမီးလေးနှစ်ယောက်ကို လူတိုင်းက အချစ်ပိုနေရတာဖြစ်ပါတယ်။

ဘာသာမတူပေမယ့် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးကို အတုယူလေးစားအားကျနေရတဲ့ ပရိသတ်တွေလည်း ရှိနေတာပါ။

အခုဆိုရင်တော့ မိသားစုစုံစုံညီညီနဲ့ ပိုပြီး ကြည်နူးစရာကောင်းလာတဲ့ လင်းလင်းတို့မိသားစုလေးကို ကြည့်ပြီး အိမ်ထောင်ပြူချင်စိတ်ပေါက်လာမှာသေချာပါတယ်။ ဒီနေ့ပြုလုပ်တဲ့ မွေးနေ့အလှုတော်လေးကြောင့် ခေတ် လေး နဲ့ သစ်လေး ဖေဖေ မေမေအပေါ် သိတတ်နားလည်တဲ့ သမီးလိမ္မာလေးတွေဖြစ်ပြီး အသက်ရှည်ကျန်းမာလိုအင်ဆန္ဒတွေပြည့်ဝကြပါစေနော်။

တစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလာတဲ့ ခေတ်လေး နဲ့ သစ်လေး ရဲ့ မွေးနေ့လေးအတွက် ပရိသတ်ကြီး ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။  

Source : Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။