ချဲလ်ဆီးအသင်းဟာ တိုက်စစ်အင်အားဖြည့်တင်းဖို့အတွက် တိုက်စစ်ကစားသမားများကို ချိတ်ဆက်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ယခုအခါမှာလည်း ရိုးမားအသင်းရဲ့တိုက်စစ်ကစားသမား ဒီဇီကို ကိုခေါ်ယူရန် ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ဒီဇီကို တစ်ယောက်ထဲ ကမ်းလှမ်းခဲ့တာမဟုတ်ပဲ ရိုးမားအသင်းရဲ့ နောက်ထပ်ကစားသမား ပါမီယာရီ ကိုလည်း ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီဇီကိုနဲ့ ပါမီယာရီ အတွက် ယူရို သန်း ၅၀ အပါအဝင် ဘတ်ရှုအာရီကို ပါ အငှါးခေါ်ယူခွင့် နဲ့ ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။သို့သော် ရိုးမားအသင်းက ယူရို ၆၅ သန်းထိအလိုရှိနေတာလည်းဖြစ်ပါတယ်။ဒီဇီကို ဟာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းမှာ ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။တိုက်စစ်နေရာအတွက် နည်းပြ ကွန်တီက ခေါ်ယူဖို့ ခုလို ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်ထပ်တိုက်စစ်မှု တွေ ကိုလည်းချိတ်ဆက်နေတာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းရဲ့ကစားသမား ပီတာခရော့စ်ကို လည်း အံ့အားသင့်ဖွယ်ချိတ်ဆက်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှုး ကာရိုးကိုလည်း ခေါ်ယူရန် ချိတ်ဆက်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှုးတစ်ယောက်ကတော့ ချဲလ်ဆီးအသင်းကို ရောက်ရှိလာဖို့ များနေတာလည်းဖြစ်ပါတယ်။ 

source - latest in football transfer news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။