ထိုင်းနိုင်ငံမှာ လိင်ဆက်ဆံဖော်အရုပ်တွေ၊ လိင်ဆက်ဆံမှုအထောက်အကူပြုပစ္စည်းတွေနဲ့ ရိုက်ကူးရေးပြုလုပ်နေတဲ့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုကို ခေါင်ဆန်းလမ်းမပေါ်မှာရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

ပတ္တရားအခြေစိုက်ရုပ်ရှင်ကုမ္ပဏီတစ်ခုက ဘီကနီဝတ်သရုပ်ဆောင်အမျိုးသမီးတွေနဲ့ လိင်အထောက်အကူပြုပစ္စည်းတွေ ရောင်းချတဲ့ဆိုင်တန်းအသွင်ဖန်တီးရိုက်ကူးခဲ့တာဖြစ်ပြီး ဘန်ကောက်ရဲအရာရှိများက ရိုက်ကွင်းအားရပ်ဆိုင်းဖို့ တားမြစ်ခဲ့ရတယ်လို့သိရပါတယ်။

ဇာတ်ကားရိုက်ကူးနေတဲ့ပုံတွေဟာ လူမှုကွန်ယှက်မှာပြန့်နံ့သွားခဲ့ပြီး အမြင်မသင့်တော်တဲ့ စိတ်အနှောင့်ယှက်ဖြစ်မှုတွေနဲ့အတူ တရားစွဲဆိုခံရနိုင်တယ်လို့သိရပါတယ်။

ဇာတ်ကားရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကုမ္ပဏီရဲ့အမည်ဟာ အင်ဒိုဘန်ကောက်ရုပ်ရှင်ကုမ္ပဏီဖြစ်ပြီး အင်န္ဒိယပရိတ်သတ်တွေအတွက် ရည်ရွယ်တည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

SOURCE- DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။