ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ AT&T ကနေရောင်းချပေးခဲ့ပါတယ်။ အခုတော့ ZTE က ဘေဂျင်းမှာပွဲတစ်ခုကျင်းပ ၍ သူ့ကိုတရုတ်မှာယခုလ ၂၀ ရက်နေ့တွင် ရောင်းချမယ်လို့ ကြေညာလိုက် ပါတယ်။ MyZTE.com နဲ့ JD.comကနေ ဝယ်ယူနိုင်ပါတယ်။ မတ်လလောက်မှာသူ့ကိုဥရောပနိုင်ငံများမှာရောင်းချပေးမှာဖြစ်ပြီး Vodafone, TIM နဲ့ အခြား Carriers များကနေ ဝယ်ယူနိုင်ပါတယ်။ ZTE Axon M ဟာ CES 2018 ရဲ့ Innovation Award ဆုကိုလည်းရရှိထားပါတယ်။

သူဟာခေါက်ချိုးစမတ်ဖုန်း ဖြစ်ပေမယ့်သူ့ရဲ့ မျက်နှာပြင်ကိုကွေးညွှတ်၍ ခေါက်ချိုးသုံးရတာမဟုတ်ဘဲမျက်နှာပြင်နှစ်ခုကိုခေါက်ချိုးသုံးရတာ ဖြစ်ပါတယ်။ ၅.၂ လက်မ Full HD Display နှစ်ခုကိုတွဲဆက်ထားပြီး ဖြန့်လိုက်ရင် ၆.၇၅ လက်မမျက်နှာပြင်ကျယ်ဖြစ်လာပါတယ်။

မျက်နှာပြင်နှစ်ခုကိုအသုံးချနိုင်တဲ့ Mode လေးခုပါပါတယ်။ Extended Mode ကတော့ ၆.၇၅ လက်မမျက်နှာပြင်ကျယ်ကိုတစ်စုတစ်စည်းထဲ သုံးနိုင်စေပါတယ်။

Dual Mode က မျက်နှာပြင်တစ်ခုမှာမတူညီတဲ့ App တစ်ခုစီကိုဖွင့်ပေးမှာ ဖြစ်ပါတယ်။Traditional Mode ကတော့ ခေါက်ချိုး အသုံးပြုတဲ့အခါမှာသာမန် စမတ်ဖုန်းလို ပြသပေးပါတယ်။ Mirror Mode က မျက်နှာပြင်နှစ်ခုမှာတူညီတဲ့ Content များကို ပြသပေးပါတယ်။ သူ့မှာ 4GB RAM , 64GB Internal Storage ပါပါတယ်။ 20MP Camera တစ်လုံးသာတပ်ဆင်ထားပါတယ်။ Android 7.1.2 Nougat မောင်းနှင်ထားပြီး 3180mAh Battery ပါပါတယ်။

Source : Mobile Guide ( Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။