ကလောမြို့လေးကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၄၃၁၅ ပေ အမြင့်မှာတည်ရှိတာ ဖြစ်ပြီး ကလောဆိုတာ ပလောင်တိုင်းရင်းသားဘာသာစကားဖြစ်ပြီး ဇလုံဆိုပြီး အဓိပ္ပာယ်ရတာ ဖြစ်ပါတယ်။

တောင်တန်းတွေဝန်းရံထားပြီး ချိုင့်ဝှမ်းသဏ္ဍာန်ဖြစ်နေတာကြောင့် ကလောလို့ အမည်တွင်တာဖြစ်ပါတယ်။ ကလောမြို့ရဲ့ အရှေ့ဘက်မှာဆိုရင်တော့ တောင်တန်းတွေကြားကနေ စီးဆင်းလာတဲ့ချောင်းတစ်ခုရှိပြီး ကလောချောင်းလို့ခေါ်ပါတယ်။ 

ကလောချောင်းကရေတွေက အင်းလေးကန်ထဲကို ထပ်ပြီးတော့စီးဆင်းသွားတာဖြစ်ပါတယ်။ ကိုလိုနီခေတ်တုန်းက အင်္ဂင်္လိပ်လူမျိုးတွေက ဒီဒေသကို သဘောကျတဲ့အတွက် မြို့အင်္ဂါရပ်နဲ့ညီအောင် တည်ဆောက်ပြီး နေထိုင်ခဲ့ကြပါဖြစ်ပါတယ်။

ကလောမြို့လေးဟာဆိုရင် လှတဲ့တောင်တန်းတွေ ဝန်းရံထားတဲ့ရှုခင်းရှိတာကြောင့် သွားရောက်လည်ပတ် တွေသူတွေအတွက် တကယ့်ကို ကြည်နူးစေမယ့်အရသာကို ခံစားရစေနိုင်ပါတယ်။ 

မက်မန်းသီး၊ မက်မွန်းသီး၊ လိမ္မော်သီးနဲ့ ဂေါ်ဖီထုပ်တွေကို စီးပွားဖြစ်စိုက်ပျိုးကြပါတယ်။ ကလောမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအများစုကတော့ ဓနု၊တောင်ရိုး၊ ပလောင်နဲ့ ပအိုဝ့်လူမျိုးတွေဖြစ်ပါတယ်။

ရာသီဥတုကလည်း အေးချမ်းတဲ့ရာသီဥတုမျိုးဖြစ်တဲ့အတွက် ကလောမြို့လေးအနှံ့ကို အေးအေးချမ်းချမ်းနဲ့ သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ 

Source - wow box

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။