ရှာရှာလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ သူမရဲ့ ညို့အားပြင်းတဲ့ အလှတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ..။ ဘိုမရုပ်လေးလို ချစ်စရာကောင်းတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ အခုတစ်ခေါက်မှာလည်း ဆွဲဆောင်မှုရှိရှိနဲ့ လှပကျော့ရှင်းနေတဲ့ အမိုက်စားပုံရိပ်တွေကို သူမရဲ့ပရိတ်သတ်တွေ အတွက် တင်ပေးလိုက်ပြန်ပါတယ်။ သရုပ်ဆောင်ပီပြင်ပိုင်နိုင်မှုကြောင့် ပရိတ်သတ် အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း တော်ဝင်စိန်တိုက်အတွက် ကြော်ငြာတွေ ရိုက်ကူးပေးခဲ့ပါသေးတယ်..။ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကိုလည်း ပတ်ထရစ်ရှာက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေ ကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။ အမြဲတမ်းချစ်စရာကောင်းတဲ့ အသွင်အပြင် လေးရှိပြီး မိန်းကလေး အချင်းချင်းတောင် လည်ပြန်ငေးရလောက်တဲ့အပြင် ပုရိသတွေ ကြွေဆင်းရလောက်တဲ့ ဘာဘီအရုပ်မလေးပါပဲ။

ယောင်္ကျားလေးပရိသတ်တွေ အများဆုံး ရရှိထားပြီး မိန်းကလေး ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုတွေကိုပါ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး တစ်လက်လည်း ဖြစ်ပါတယ်..။ သူမကတော့ မော်လ်ဒယ် သရုပ်ဆောင် တစ်ဦးအဖြစ် အနုပညာလောက ထဲကို ဝင်ရောက် လာခဲ့တာဖြစ်ပြီး လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ် ဆောင်လာတာတွေ့ရပါတယ်..။ အခမ်းအနားပွဲတွေကိုလည်း တတ်ရောက်နေသလို ဓာတ်ပုံ၊ မဂ္ဂဇင်းကြော်ငြာတွေလည်း မပြတ်ရိုက်ကူးပြီး အနုပညာလုပ်ငန်းတွေကို အောင်မြင်စွာနဲ့ လုပ်ကိုင်နေသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ရှာရှာရဲ့ပုံရိပ်လေး တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo - Pactircia ( Shu Sha Naing)'s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။