လက်ရှိ MRTV- 4 မှာပြသနေပြီး လူကြိုက်များတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်တဲ့ “ဥယျာဉ်မှူး ဖြစ်ဖူးချင်သည်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲက ဥယျာဉ်မှူးလေးတစ်ဦးရဲ့ အကြောင်းလေးကိုလည်း ပရိသတ်ကိုပြန်လည်မျှဝေချင်ပါတယ်။ ခေးဆက်သွင် ဆိုတဲ့ သူမနာမည်လေးထက် ဇွန်ပန်းလို့ပြောရင် ပရိသတ်ကြီးနဲ့ ပိုပြီးရင်းနှီးမယ်လို့ ထင်ပါတယ်။

Yope ဆိုတဲ့ အစီအစဉ်တစ်ခုကနေ မေးမြန်းသွားတဲ့ အင်တာဗျူးလေးတစ်ခုမှာတော့ သူမက ပရိသတ်စိတ်ဝင်စားမယ့် အကြောင်းအရာလေးတစ်ချို့ကို ဖြေကြားသွားခဲ့ပါတယ်။ လက်ရှိမှာ တစ်ယောက်တည်းပါဆိုတဲ့ သူမက စိတ်ကူးထဲကချစ်သူပုံစံကိုပြောပြခဲ့ပါတယ်။ သူမလိုချင်တဲ့ချစ်သူကတော့ ရည်ရွယ်ချက်တစ်ခုရှိတဲ့သူဖြစ်ပြီး အမြဲတမ်းအားသွန်ခွန်စိုက် ကြိုးစားနေတဲ့ ချစ်သူကိုသာ လိုချင်တယ်လို့ ဆိုပါတယ်။

သူမကိုယ်တိုင်လဲ ကိုယ့်ဒူးကိုယ်ချွန်ကာ ကြိုးစားနေဆဲဖြစ်သလို ရှေ့ဆက်လျှောက်လှမ်း မယ့် အနုပညာခရီးလမ်းကြောင်းအတွက်လည်း အချိန်တိုင်းကြိုးစားနေသူပါလို့ ဆိုပါတယ်။ အခက်အခဲတွေအများကြီးထဲကနေ အနုပညာကို ရူးသွပ်ကာ ကြိုးစားခဲ့တဲ့ ဇွန်ပန်းလေး ကိုလည်း အရင်ကထက် ပိုပြီးအားပေးလိုက်ရအောင်နော် ။

Source – Khay Sett Thwin FB and Yope

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။