လေယာဉ်ပျက်ကျပြီးသေဆုံးခဲ့တဲ့ ဘောလုံးသမားတွေရဲ့စျာပန အခမ်းအနားမြင်ကွင်း

သေဆုံးသွားတဲ့ ခန္ဓာကိုယ်တွေကို ကိုလံဘီယာမှာ ပြင်ဆင်ထားတဲ့ မြင်ကွင်းဖြစ်ပါတယ်။လေယာဉ်ပျက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဘရာဇီးကလပ် ရှာပီကွမ်းစ် ဘောလုံးအသင်းရဲ့ ကစားသမားတွေ အလောင်းတွေကို ပြင်ဆင်ထားတဲ့ ဓာတ်ပုံတွေထွက်လာပြီးနောက် လတ်တလော ဝမ်းနည်းဖွယ်ရာ အကောင်းဆုံး မြင်ကွင်းအဖြစ် မီဒီယာတွေက ဖော်ပြကြပါတယ်။

ရှာပီကွမ်းစ်ဘောလုံးကစားသမား၁၉ ဦးအပါအဝင် အသင်းဝန်ထမ်းတွေ၊ ဂျာနယ်လစ်တွေပါ လေယာဉ်ပျက်ကျမှုထဲ ပါဝင်ခဲ့ပြီး စုစုပေါင်း ၇၁ ဦးသေဆုံးခဲ့ပြီးပြီဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို ကိုလံဘီယာနိုင်ငံ မက်ဒယ်လင်းမြို့မှာ ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဘရာဇီးကလပ် ရှာပီကွမ်းစ်နဲ့ ကိုလံဘီယာကလပ် အသလက်တီကိုနေစီယိုနယ် အသင်းတို့ရဲ့ ပွဲစဉ်ကို လတ်တလော ရွှေ့ဆိုင်ထားပေမဲ့ လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကစားဖို့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်သွားဖွယ်ရှိနေပါတယ်။

ဒါပေမဲ့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ကစားရမယ့် ကိုလံဘီယာကလပ်အသင်း အသလက်တီကိုဘက်ကတော့ လတ်တလောမှာ ပွဲကစားဖို့ ငြင်းဆန်းလျက်ရှိပါတယ်။ " အဲဒီနောက်ဆုံးပွဲကို ကျွန်တော်တို့ ကစားဦးမှာ မဟုတ်ပါဘူး။ ကစားသမားတွေကိုလည်း ဒီအချိန်မှာ ကစားမလားလို့ မေးသင့်တဲ့အချိန်မဟုတ်ပါဘူး" လို့ အသလက်တီကိုနေစီယိုနယ် အသင်းဥက္ကဋ္ဌ နေပိုမြူစီနိုက ပြောကြားထားပါတယ်။

အသလက်တီကို အသင်းဘက်ကတော့ ဗိုလ်ုလုပွဲကို လုံးဝကစားချင်တဲ့ဆန္ဒမရှိဘဲ ရှာပီကွမ်းစ်ဘောလုံးအသင်းကိုသာ ချန်ပီယံအဖြစ် သတ်မှတ်ကာ ဆုဖလားပေးဖို့ တောင်းဆိုထားပါတယ်

Credit:မြန်မာသတင်းထူးသတင်းဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။