လီဗာပူလ်းအသင်းဟာ သူတို့အသင်း ရဲ့ တိုက်စစ်ကစားသမား စတာရစ်အတွက် ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်ပြီလည်းဖြစ်ပါတယ်။စတာရစ်ကို ပေါင် သန်း ၃၀ ရရင် လက်လွှတ်သွားမှာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းဟာ စတာရစ်ကို အငှါးချဖို့ စိတ်ကူးမရှိတာဖြစ်ပြီး အပြီးရောင်းချသွားမှာလည်းဖြစ်ပါတယ်။စတာရစ်ကို ခေါ်ယူဖို့ ကလပ်အသင်းအများစုက ချိတ်ဆက်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ 

အင်တာမီလန်အသင်းဟာ စတာရစ်ကို အငှါးခေါ်ယူဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။လီဗာပူးလ်အသင်းကတော့ အငှါးချသွားမှာမဟုတ်ပဲ အပြီးသာရောင်းချသွားဖို့ရှိနေတာဖြစ်တာကြောင့် အင်တာမီလန်အသင်း အခက်တွေ့နေတာလည်းဖြစ်ပါတယ်။စတာရစ်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်၊ ဆီဗီလာအသင်း တို့ကလည်း စောင့်ကြည့်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

စတာရစ်ဟာ လီဗာပူလ်းအသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။အသင်းမှာ မပျော်ရွင်ဖြစ်နေတာကြောင့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ထွက်ခွာဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းကနေ စတာရစ် ဘယ်အသင်းကို ပြောင်းရွှေ့သွားမှာလဲဆိုတာတော့ စောင့်ကြည့်ရအုံးမယ်ဗျာ။

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။