စွယ်စုံရ မင်းသားတစ်လက်ဖြစ်ပြီး လောလောလတ်လတ်လေးမှာ ရင်သွေးလေးရရှိမှုကြောင့် ပျောရွှင်နေတဲ့ မင်းသားမြင့်မြတ် ကတော့ ပရိတ်သတ်တွေအားပေးမှုများစွာရရှိထားတဲ့အနပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူရဲ့ရင်သွေးလေးရရှိမှုအပေါ် သူ့ရဲ့ပရိတ်သတ်တွေလဲ ထပ်တူထပ်မျှဝမ်းသာပိတိဖြစ်နေကြပါတယ်။ ချစ်ဇနီးအာကျန်လေးနဲ့ မကြာမီဒယ်ဒီဖြစ်တော့မယ့် ဂျင်းကောင်ကြီးတို့ကိုရော ပရိတ်သတ်တွေချစ်ကြရဲ့လား။

မင်းသားမြင့်မြတ်ကတော့ မြန်မာနိုင်ငံကအနုပညာရှင်တွေနဲ့သာမကပဲ အခြားနိုင်ငံက အနုပညာရှင်တွေနဲ့ပါ အလုပ်တွေတွဲလုပ်နေပြီပဲဖြစ်ပါတယ်။ ယခုအချိန်မှာဆိုရင်လည်း ထိုင်းမင်းသမီးလေးတွေနဲ့ တွဲဖက်ပြီး ကြော်ငြာလေးတစ်ခုရိုက်ကူးနေပါတယ်။ ထင်းနေအောင်လှတဲ့ မယ်မဒီလေးနှစ်ယောက်ကြားက ခန့်လှတဲ့ အနေအထားနဲ့ မြင့်မြတ်ကတော့ တကယ်စတိုင်ကြလှပါတယ်။

မျက်နှာအနေအထားမျိုးစုံကို ပိုင်နိုင်စွာပုံဖော်နိုင်တဲ့ မြင့်မြတ်ကတော့ sexy ကြလှတဲ့ မင်းသမီးလေးနှစ်ယောက်နှင့် တွဲဖက်လိုက်တဲ့အခါ ပရိတ်သတ်တွေအကြိုက်တွေ့စေနိုင်မယ့် အနုပညာဖန်တီးမှုလေးတွေ များစွာထွက်ပေါ်လာလိမ့်မယ်လို့ထင်ပါတယ်။ ဘေးနားကမယ်မဒီလေးတွေက ဘယ်လောက်ပဲလှနေပါစေ သူတို့ရဲ့ အလှက မြင့်မြတ်ရဲ့ ခန်လှတဲ့ မျက်နှာအနေအထားကိုတော့ မဖုံးလွှမ်းနိုင်ပါဘူး။ ထိုကြော်ငြာလေးထွက်လာရင်လဲ ပရိတ်သတ်တွေ အားပေးကြဦီးနော်။

source - Cele YatKwat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။