ခရီးသွားတဲ့အခါ ဖြစ်စေ၊ ကားကို အချိန်ကြာကြာ စီးရတဲ့ အခါဖြစ်စေ ကားမူးခြင်း ဝေဒနာကို ခံစားရတာမျိုး ရှိပါတယ်။ ဒီလို ခံစားရတဲ့ အခါ အရမ်းကို ခံရခက်တဲ့ အပြင် ကားပေါ်က ဆင်းပြီးတာတောင် အချိန် အတန်ကြာ ဝေဒနာ ခံစားရတာမျိုးလည်း ရှိပါတယ်။ ဒီလို ကားမူးခြင်း ဝေဒနာမှ ကင်းဝေးစေနိုင်မယ့် နည်းလမ်းများကို ဖောြ်ပပေးလိုက်ပါတယ်။ တစ်နည်း မဟုတ် တစ်နည်း စမ်းသပ်ကြည့်ကြဖို့ အကြံပေးချင်ပါတယ်။

အိမ်သုံးပစ္စည်းများ

ကားမူးသက်သာစေဖို့အတွက် ဂျင်း၊ ငရုတ်ကောင်း၊ ရေနွေးကြမ်း စတဲ့အိမ်သုံးဆေးဝါးတွေကလည်း ကားမူးခြင်းကို သက်သာစေနိုင်ပါတယ်။ 

ဆေးဝါးများ

ကားမူးခြင်းကို သက်သာစေမယ့် အသုံးများတဲ့ ဆေးဝါးတွေကတော့-

- Scopolamine (transdermal patches - အသားကပ်ပလာစတာ၊ Transderm-scop)

- Dimenhydrinate (Dramamine)

- Meclizine ( Antivert, Bonine, Meni-D, Antrizine)

- Promethazine ( Phenergan, Phenadoz, Promethegan)

- Diphenhydramine ( Benadryl)

- Cyclizine (Marezine)

ဖော်ပြပါ ဆေးအများစုက ထိုင်းမှိုုင်းခြင်း၊ ပါးစပ်ခြောက်ခြင်း၊ အမြင်ဝါးခြင်း၊ တစ်ခါတစ်ရံ သတိမကောင်းခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိတဲ့အတွက် ဆေးမသောက်ခင်မှာတော့ သတိပြုရမယ့်အချက်တွေကို သေချာဖတ်ဖို့လိုပါတယ်။ ကားဆရာများ (ယာဉ်မောင်း) ၊ စက်ကြီးကြီးတွေနဲ့ အလုပ် လုပ်ကိုင်နေရသူများ အနေဖြင့်တော့ ဒီဆေးတွေကို မသောက်သုံးသင့်ပါဘူး။

အပေါ်ကဆေးတွေကို ကြိုသောက်ထားမယ်ဆိုရင်တော့ ကားမူးခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒီဆေးအများစုကကုသဖို့ထက် ကာကွယ်ဖို့အတွက် အသုံးပြုတဲ့ဆေးတွေပဲဖြစ်ပါတယ်။

ဆေးသောက်စရာမလိုဘဲ ကားမူးခြင်းကို သက်သာစေမယ့် အခြားနည်းလမ်းများ အနေနဲ့ကတော့ -

- ခရီးမသွားမီ ၂၄ နာရီအတွင်းမှာ သွားရေစာနှင့် အခြားပေါ့ပေါ့ပါးပါး အစားအစာလေးတွေကိုပဲစားပါ။ အဆီအများကြီးပါဝင်တဲ့ အစားအစာများနှင့် အများကြီးစားခြင်းကိုရှောင်ပါ။

- လေယာဉ်ရှေ့ဘက်ကို မျက်နှာမူပြီးထိုင်ပါ။

- လှေစီးတာဆိုရင်တော့ အပေါ်ကုန်းပတ်ပေါ်က လှေအရှေ့ဖက်ကို မျက်နှာမူထားတဲ့ အခန်းတစ်ခန်းပေးဖို့ပြောပြီး တတ်နိုင်သမျှ ရေပြင်ညီအတိုင်းပဲ ကြည့်ပါ။

- ကားနဲ့ခရီးသွားတာဆိုရင် ကားအရှေ့ဘက်မှာထိုင်ပါ။ မြေပြင်ညီအတိုင်းကြည့်ပါ။ ထိုင်ခုံကို ခေါင်းမှီထားပြီး ငြိမ်ငြိမ်လေးထိုင်နေပါ။

- ရထား၊ ကားတွေပေါ်က လေပေါက်ဘက်သို့ မျက်နှာကို လှည့်ထားပါ။

- ဆေးလိပ်မသောက်ပါနှင့်။

- အသက်ကို ဖြေးဖြေးနဲ့ ပုံမှန်ရှူပါ။

ဖော်ပြပါ နည်းလမ်းများကို သိရှိလိုက်နာကြပြီး ကားမူးခြင်း ဝေဒနာမှ ကင်းဝေးစေပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ မျိုးမြမြဆွေ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။