ကြည့်နေကျ ရုပ်ရှင်ဇာတ်ကားတွေကနေ ခွဲထွက်ကြည့်လိုပါသလား ဒါမဟုတ် ဖက်ရှင်အကြောင်းအရာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ မကြာခင်မှာ ပရိသတ်ကြီးဆီကို တမူတခြားတဲ့ ဇာတ်ကားတစ်ကားရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်ကတော့ ရောင်ပြန် (Reflection) ဖြစ်ပြီး ယခုနှစ်ထဲမှာပဲ ပြသတော့မယ်လို့ သိရှိရပါတယ်။

ဒီဇာတ်ကားကြီးကို ဒါရိုက်တာ လူမင်းကရိုက်ကူးထားပြီး အိန္ဒြာကျော်ဇင်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ သုဒြာရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်များကတော့ ထွန်းအိန္ဒြာဗိုလ် ၊ အိန္ဒြာကျော်ဇင် ၊ ဝတ်မှုံရွှေရည် ၊ ပက်ထရစ်ရှာတို့ က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ အထူးခြားဆုံး အပိုင်းကတော့ မင်းသားလုံးဝမပါရှိပဲ မင်းသမီလေးယောက်အားနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား လည်းဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးနှင့် ပက်သက်၍လည်း အိန္ဒြာကျော်ဇင်က “ဖက်၇ှင် အသားပေးဇာတ်ကားဖြစ်တဲ့အတွက်ကြောင့် ပရိသတ်ကြီးကို အမြင်မစောင်းစေချင်ပါဘူးဟု” ပြောထားပါတယ်။ယခုလို ရုပ်ရှင်လမ်းကြောင်းကနေ ဖောက်ထွက်ပြီး တမူထူးခြားစွာရိုက်ကူးထားတဲ့ ရောင်ပြန်(Reflection)ဇာတ်ကားကြီးဟာ ပရိသတ်ကြီးအတွက် အမြင်တစ်မျိုးနဲ့ ရသတစ်မျိုးပေးစွမ်းနိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီကားကြီးထွက်ရှိလာရင်လည်း ပရိသတ်ကြီးနဲ့ အတူ ဘယ်လိုထူးခြားမှုတွေနဲ့ တင်ဆက်ထားမလဲဆိုတာ သွားရောက်ကြည့်ရှုကြမယ်နော်။

Source: Reflection (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။