ရုတ်တရက်နားကိုက်ခြင်း၊ သွားကိုက်ခြင်းတွေဟာ လူတိုင်းဖြစ်ဖူးကြပါတယ်။နားကိုက်ခြင်းက နားထဲပိုးဝင် လို့ပဲဖြစ်ဖြစ်၊ ရေဝင်သွားလို့ပဲဖြစ်ဖြစ်၊ နားကိုက်ခြင်းကိုခံစားရပါတယ်။ ပြီးတော့ အအေးမိခြင်း၊ နားနှားခေါင်း တွင် တစ်ခုခု ဝေဒနာဖြစ်နေခြင်း၊ နားအတွင်းဒဏ်ရာများထိခိုက်ခြင်း၊ တို့ကြောင်းလည်းနားကိုက်စေပါတယ် နားကိုက်ခြင်းက ခံရတဲ့သူဟာ တော်တော်ခံရခက်ပါတယ်။ နားကိုက်ရင် အိမ်မှှာဘဲလုပ်လို့ရတဲ့ နည်းလမ်း လေးတွေကိိုတင်ပြပေးမှာဖြစ်ပါတယ်။ ပထမနည်းတစ်ခုကတော့ သံလွင်ဆီကို မီးအပူပေးပါ အေးသည့် အထိထားပြီးမှ နားအတွင်းသို့ဂွမ်းစလေးနဲ ၃-၄ စက်ချပေးပါ ။သို့မဟုတ် မုန်ညှင်းဆီး ကိုထိုနည်း အတိုင်းလုပ်လည်း ထိရောက်ကောင်းမွန်စေပါတယ်။

ကြက်သွန်နီဟာလည်း နားကို်က်ခြင်းအတွက် အသုံးဝင်တဲ့အိမ်တွင်းကုထုံးလေးဖြစ်ပါတယ်။ပြုလုပ်ပုံနည်း ကတော့ ကြက်သွန်နီကိုအခွံခွာပြီး ကြိတ်ပါ အရည်ထွက်အောင်ပြုလုပ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် အရည်ကိုယူကာ အပူပေးပါ၊ အေးသွားတဲ့အခါ ဂွမ်းစဖြင့် ၂-၃ ချပေးပါ၊ ထိရောက်စွာသက်သာစေပါတယ်။ နောက်တစ်ခုကတော့ ရေနွေးပုလင်းဖြစ်ပါတယ်။ ရေနွေးပုလင်းကိုနားကိုက်တဲ့ နေရာအနီးမှာ ကပ်ပေးပါက သက်သာစေပါတယ်။ ရေနွေးထည့်ထားတဲ့ပုလင်းကို အဝတ်စလေးနဲ့ပတ်ပြီး မိနစ်အနည်းငယ်ကပ်ပေးပါ သက်သာစေပါတယ်။

နောက်တစ်နည်းကတော့ ဂျင်း အရည်ညှစ်ယူပြီးဂွမ်းစလေနဲ့ ၂-၃ စက်ခန့် ချပေးပါ၊ နားကိုက်ခြင်း ကို သက်သာစေပါတယ်။ နောက်တစ်နည်းက ပူဒီနာရွက်ကိုထောင်ပြီး အရည်ညှစ် ဂွမ်းစလေးနဲ့ နားအတွင်းသို့ ၁-၂ စက်ခန့်ချပေးပါ၊ နားကိုက်ခြင်းအတွက်သက်သာစေပါတယ်။ တမာရွက်ကိုလည်း ထိုနည်းလည်း ကောင်းလုပ်ပေးရင်လည်း အဆင်ပြေပါတယ်။ ကြီးကြီးမားမား မဟုတ်တဲ့နားကိုက်ခြင်းတွေအတွက် အိမ်တွင်းကုထုံတွေကို တင်ပြပေး တာဖြစ်ပါတယ်။ အားလုံးကျန်းမာရွင်လန်းကြပါစေနော်။

Source : Chan (ရွှေအင်းလေး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။