နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်တစ်ယောက် ငပလီကမ်းခြေကို ရောက်ရှိ လို့နေပါ တယ်။ သူမဟာ ပရိတ်သတ်လက်ခံတဲ့ နာမည်ရရှိပြီးသား မော်ဒယ်တစ်ဦးဖြစ်ပြီး လက်ခံအားပေးသူ တွေကလည်း အများအပြားပါပဲ။ သူမဟာ အသက်ငယ်ရွယ်ပေမယ့် အသိပညာအပြည့်အဝရှိသူလေး ပါပဲ။ ပြီးခဲ့တဲ့ 2017 ခုနှစ်က ကျင်းပခဲ့တဲ့ Miss Grand International ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အစစ အရာရာ ပြင်ဆင်ပြီးမှ အကြောင်းအမျိုးမျိုး ကြောင့် အေဂျင်စီနဲ့ပြဿနာတက်ကာ ပွဲမှာမဝင်ရောက်နိုင် တော့တာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပက်သက် လို့လည်း သူမဖက်က အေဂျင်စီကို တရားစွဲဆိုထားပြီး လျှော်ကြေးငွေအ ဖြစ် မြန်မာငွေ ကျပ် သိန်းငါးထောင်တောင်းဆိုခဲ့ပါတယ်။

ပွဲမှာဝင်ရောက်မယှဉ်ပြိုင်ဖြစ်ပေမယ့် သူမရဲ့အလှနဲ့ပညာကိုတော့ ပရိတ်သတ်တွေက အသိမှတ်ပြု လေးစားပြီး အားပေးခဲ့ကြပါတယ်။ သူမဟာ မော်ဒယ်အလုပ်ကိုစိတ်ဝင်စားတဲ့ အတွက် မော်ဒယ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မှာဖြစ်ပြီး ရုပ်ရှင်ရိုက်ဖို့ကိုတော့ သိပ် အားမသာဘူးလို့ ဆိုပါတယ်။ သို့ပေမယ့် သူမသဘောကျပြီး သူမနဲ့လည်းလိုက်ဖက်မှု ရှိမယ့် ဇာတ်ရုပ်မျိုးဆိုရင်တော့ သူမကရုပ်ရှင်ဇာတ်ကားရိုက်ကူးဖြစ်မယ်လို့ ဆိုပါတယ်။ လက်ရှိ မှာတော့ သူမက Photo Shooting တွေရိုက်ကူးနေပြီး အောင်မြင်တဲ့မော်ဒယ် တစ်ဦးအဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ အားပေးသူ ပရိတ်သတ်အမြောက်အများနဲ့သူမက အနုပညာ လမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေ တာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူမရဲ့မြန်မာဆန်တဲ့ပုံရိပ်တွေဟာ ကျက်သရေရှိစွာပေါ်ထွက်လာခဲ့ပြီပဲဖြစ်ပါ တယ်။ လှပလွန်းတဲ့ကောက်ကြောင်းအလှနဲ့ ကျက်သရေရှိလှတဲ့ မြန်မာဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ ပုံစံလေးက မြန်မာမှုမြတ်နိုးသူတွေအတွက်တော့ ကျက်သရေရှိပြီး လှပတဲ့ ပုံရိပ်လေးတွေပါပဲ။ ကျက်သရေရှိလှတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြ ပေးလိုက်ပါတယ်။

Photo – Hero Miss Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။