အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးဟာ ဆန်းချက် အသင်းကနေ ထွက်ခွာတော့မယ့် ကိစ္စဟာ သိပ်နာကျင်စရာမကောင်းဘူးလို့ဖွင့်ဟခဲ့ပါတယ်။အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှုးဟောင်း ဗန်ပါစီ မန်ယူအသင်းကို ပြောင်းရွှေ့ကစားခဲ့တုန်းက ပိုပြီးနာကျင်ခဲ့တဲ့ လို့ အာစင်ဝင်းဂါးက ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။ဆန်းချက်ဟာ ဗန်ပါစီလို မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလည်းဖြစ်ပါတယ်။မန်ယူကစားသမားဖြစ်တဲ့ အမ်ခီတာယန်ကလည်း အာဆင်နယ်အသင်းကို ရောက်ရှိလာဖို့ရှိနေတာလည်းဖြစ်ပါတယ်။

ဝင်းဂါးက “ဆန်းချက်အသင်းနဲ့စာချုပ်သက်တမ်းမတိုးတော့မှာကိုအာဆင်နယ်ပရိတ်သတ်တွေသိထားပြီးသားပါ။ ဒါကိုသူတို့လက်ခံကြပါတယ်။ပြီးတော့ဒါဟာကိုယ့်ဘက်ကပဲကစားသမားဆုံးရှုံးရမယ့်အခြေအနေမဟုတ်ဘဲကိုယ့်ဆီကိုလည်းကစားသမားတစ်ဦးပြန်ရောက်လာမှာပါ။ ဒါဟာအပြောင်းအရွေ့တစ်ခုလုံးကိုချောမွေ့စေနိုင်တာဖြစ်ပါတယ်။ စိတ်ပျက်စရာနည်းခဲ့ပါတယ်။ ကျွန်တော်တို့ကစားသမားဆုံးရှုံးရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ထိပ်တန်းကစားသမားတစ်ဦးပြန်ရမှာပါ" လို့ပြောခဲ့တာလည်းဖြစ်ပါတယ်။

ဆက်လက်ပြီး အာစင်ဝင်းဂါးက " ဗန်ပါစီတုန်းကလည်း ဒီလိုအခြေအနေမျိုး ကြုံခဲ့ရပါတယ်။နောက်ပိုင်းမှာ ဒါမျိုးတွေထပ်ဖြစ်လာအုံးမှာပါ။ဘာလို့လဲဆိုတော့ဒီကာလဟာကစားသမားပြောင်းရွေ့ကြေးတွေအလွန်ဖောင်းပွနေပြီး အလွတ်ထွက်ခွာတဲ့ကစားသမားတွေအနေနဲ့လည်းလစာငွေများစွာခံစားနေကြပါတယ်။ကျွန်တော်တို့ဗန်ပါစီကိုဖီယင်နော့အရန်အသင်းမှာကစားခဲ့တုန်းကခေါ်ခဲ့တာပါ။ သူ့ကိုအကြာကြီးမြေတောင်မြှောက်ပေးခဲ့ရပါတယ်။ သူထိပ်တန်းအဆင့်ကိုလည်းရောက်သွားရောအသင်းကနေထွက်သွားတာပါပဲ။ အမှန်ပါပဲ။ ဒီအပြောင်းအရွေ့ဟာအနာကျင်ရဆုံးပါပဲ။” လို့ပြောသွားပါတယ်။

source - sport myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။