"ပန်းခင်းတဲ့လမ်းမှာ တွဲလျှောက်ရတဲ့ လက်တွေထက် ဆူးညှောင့်ခလုတ် အန္တရာယ်တွေကြားမှာ တွဲရတဲ့လက်တွေက ပိုပြီးမြဲမြံခိုင်မာတတ်ပါတယ်" ဆိုတဲ့ စိုးမြတ်နန္ဒာ

အခုတလော ရေပန်းအစားဆုံး ဟော့အဖြစ်ဆုံးဖြစ်နေတဲ့ သတင်းကတော့ စိုးသူရဲ့ဇနီးဟောင်းနဲ့ စိုးသူတို့စုံတွဲအသစ်အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာအကျော်အမော်မင်းသားတစ်ဦး ဖြစ်တဲ့ စိုးသူဟာ ဇနီးဖြစ်သူနဲ့ ပြည်ပသို့သွားရောက်နေထိုင်ပြီး Angel ဆိုတဲ့ သမီးလေးတစ်ယောက် ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ စိုးသူဟာ မြန်မာပြည်ကို ပြန်လာပြီး သူ့ရဲ့ဇနီးနဲ့ နှစ်ဖက်မပြေလည်မှုတွေကြောင့် ကွာရှင်းလိုက်ပြီဆိုတဲ့ သတင်းကို သတင်းစာကနေ အတိအလင်းကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက် အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ စိုးမြတ်နန္ဒာနဲ့ ရွှေလက်တွဲခဲ့ကြပါတယ်။ ဒါကတော့ ပရိသတ်တွေ အကြမ်းဖျင်းသိထားတဲ့ သဘောပါ။

ဒါပေမဲ့ မနေ့က စိုးသူရဲ့ ဇနီးဟောင်းဖြစ်သူ ဒေါ်ခင်မြမြဝတ်မှုံဆွေ ဟာ သူတို့တွေ ဘာကြောင့်ကွဲခဲ့တာလည်း ဘယ်သူက အိမ်ထောင်ရေးဖောက်ပြန်ခဲ့တာလည်း ဆိုတာနဲ့ ပတ်သတ်ပြီး အတိအလင်းရှင်းလင်းပြောဆိုခဲ့ပါတယ်။ သူမရဲ့ ပြောစကားများအရ သူမရဲ့သမီးလေးအတွက် အမှန်တရားကို ဖော်ထုတ်ရခြင်းဖြစ်ပြီး သူမအနေနဲ့ စိုးသူက အိမ်ထောင်ရေးသုခမပေးနိုင်လို့ ဖောက်ပြန်ခဲ့ခြင်းမျိုးမဟုတ်ဘဲ စိုးသူကသာ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဒါကို သူမကိုအိမ်ထောင်ရေးဖောက်ပြန်သူအဖြစ်စွပ်စွဲတဲ့ အတွက် မခံနိုင်လွန်းလို့ ဖြေရှင်းရခြင်းဖြစ်ကြောင်း သူမအနေနဲ့ သူမသမီး အနာဂတ်အတွက် အဆုံးစွန်ထိ ရဲရဲဝံ့ဝံ့တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သူမအနေနဲ့ သူမပြောတာတွေထဲမှာ တစ်စုံတစ်ရာမှားယွင်းခဲ့ရင် တရားဥပဒေဘောင်အတွင်း ဖြေရှင်းနိုင်ပြီး သူမဖက်က မခံနိုင်လို့ပြောနေတဲ့သူတွေကိုတော့ တရားစွဲမယ်ဘာမယ် မခြိမ်းခြောက်ပါနဲ့ ဆိုပြီး ပြောသွားခဲ့ပါသေးတယ်။ ဒီ Vedio file ကို နားထောင်ပြီးတဲ့အခါမှာတော့ ပရိသတ်တွေအားလုံး ဂဃဏန နားလည်သွားပြီး ဘယ်သူမှားတယ်ဆိုတာကလည်း ကွင်းကွင်းကွက်ကွက် ပေါ်လာပါတယ်။

ဒီ vedio file ဟာမနေ့က တော်တော်ဂယက်ရိုက်ခဲ့ပြီး ဒီနေ့မှာတော့ စိုးမြတ်နန္ဒာဟာ သူမရဲ့ fan page မှာ စိုးသူနဲ့တွဲရိုက်ထားတဲ့ ပုံနဲ့အတူ "ပန်းခင်းတဲ့လမ်းမှာ တွဲလျှောက်ရတဲ့ လက်တွေထက်..

ဆူးညှောင့်ခလုတ် အန္တရာယ်တွေကြားမှာ တွဲရတဲ့လက်တွေက..

ပိုပြီးမြဲမြံခိုင်မာတတ်ပါတယ်..။

အဲ့ဒီလက်တွေဆီမှာ..

အပြန်အလှန် ယုံကြည်ကိုးစားမှုတွေ..

စာနာနားလည်ဖေးမခြင်းတွေ...

မျှဝေတွယ်မှီခြင်းတွေ..

သစ္စာတရားနဲ့ ရဲရင့်ရင်ဆိုင်မှုတွေ ရှိလိမ့်မယ်..။

လောကဓံဟာ ရင်ဆိုင်ရဲသူအတွက်တော့..

ခံနိုင်ရည်အစမ်းတော်တဲ့ ဆရာတစ်ယောက်ပါပဲ..။

လွန်းထားထား(ဆေးတက္ကသိုလ်)

၁၆/၁၁/၂၀၁၆။" ဆိုပြီး ရေးသားခဲ့ပါတယ်။

သူမပြောချင်တာက အတိုက်အခိုက်အဝေဖန်တွေ များလေလေ သူတို့က ပိုပြီးခိုင်မြဲလေ ဆိုတဲ့သဘောကို သက်ရောက်စေပါတယ်။ စိုးသူရဲ့ ဇနီးဟောင်းကလည်း နောက်ရက်တွေလည်း vedio တွေထပ်လာဦးမယ်ဆိုရင် စိုးမြတ်နန္ဒာတို့ဖက်ကရော ဘယ်လိုတွေတုန့်ပြန်လာမှာလည်း…… တကယ်ပြောထားတဲ့အတိုင်း တရားရင်ဆိုင် ကြတော့မှာလား……

Source: Soe Myat Nandar Fan Page

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။