ယနေ့မနက်(၆:၀၀)နာရီဝန်းကျင်အချိန်တွင် ရထားတိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မီးရထားသည် ပြည်ခရိုင် ပေါင်းတည်မြို့နယ် တွင် ယနေ့နံနက်ပိုင်း(၆:၁၀)နာရီ အချိန်ခန့်က ပေါင်းတည်ဘူတာရုံမှပြည်မြို့သို့ (၆:၀၀)နာရီအချိန်ထွက်ခွာသွားသော အမှတ်(၆၀၉)အဆန် မီးရထားစက်ခေါင်း အမှတ်(RBE-2513)ပဲဖြစ်ပါတယ်။ အဆိုပါမီးရထားကို ဦးအောင်မျိုး မောင်းနှင်ခဲ့ပြီး ရထားသံလမ်းမိုင်တိုင် အမှတ်(၁၃၂/၉)နှင့် (၁၃၂/၁၀) အကြားတွင် ဖောကားတစ်စီဖြင့် တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါဖောကားကို ယာဉ်မောင်း ဦးဝင်းကြွေ ကမောင်းနှင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မောင်းနှင်လာသောဖောကားမှာ MDY 7L/7923 ဖောကား(အဖြူ)ရောင် (၆)ဘီးတပ် မော်တော်ယာဉ်(ယာဉ်/ယာဉ်မောင်းလိုင်စင် စိစစ်ဆဲ) ဖြစ်ပြီး ပေါင်းတည်မြို့ တောင်ဘို့လှအုပ်စု တောင်ဘို့လှရွာ ဆည်မြောင်းအနီး၌(တရားမဝင် ဖောက်လုပ်ထားသော)မီးရထားလမ်းကူးအား ဖြတ်သန်းမောင်းနှင်စဉ် ဝင်ရောက်တိုတ်မိခဲ့ပါတယ်။ အဆိုပါဖောကားမှာ တိမ်းမှောက်သွားပြီး မီရထားကတော့ ဘယ်ဘက်ကို တိမ်းစောင်းသွားကြောင်း သိရပါတယ်။ 

အဆိုပါဖြစ်စဉ်ကြောင့် ကားရထားပေါ်တွင်လိုက်ပါစီးနှင်းလာသော ခရီးသည် များထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ယင်းဖြစ်စဉ်အား မြန်မာ့မီးရထား(ပေါင်းတည်မြို့)ဘူတာရုံပိုင်ကြီးမှ မြန်မာ့မီးရထားလုပ်ထုံးလုပ်နည်းများဖြင့်အညီ ပေါင်းတည်မြို့မရဲစခန်းသို့ တိုင်တန်းထားကြောင်းသိရပါတယ်။ တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ ဓာတ်ပုံများနဲ့အတူ ပရိသတ်ကြီးအား မျှဝေပေးလိုက်ပါတယ်။

Source - MK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။