ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင် မင်းသမီးချောလေး ယွန်းယွန်းကတော့ ဘဝကို အဓိပ္ပာယ်ရှိရှိလေး နေသွားခွင့်ရချင်တယ်လို့ ဆိုလာပါတယ်..။

ယနေ့ ဇန်နဝါရီ(၁၉)ရက်နေ့လေးကတော့ သူမရဲ့ အသက်(၁၈)နှစ်ပြည့် မွေးနေ့ရက်လေးပဲ ဖြစ်ပြီး မွေးနေ့မတိုင်ခင်မှာ သူမတွေ့ကြုံနေရတဲ့ အရာတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

သူမရဲ့ ကျန်ရှိနေတဲ့ အချိန်လေးတွေမှာ ကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေ ပြီးတော့ကိုယ်က တန်ဖိုးထားတဲ့သူတွေနဲ့ အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင်လေး ဖြတ်သန်းသွားချင်တဲ့အကြောင်းကို ပြောပြလာတာ ဖြစ်ပါတယ်..။

မွေးနေ့ရက်လေး မတိုင်ခင် နာရီပိုင်းအလိုက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်..။

“မကြာခင်မှာ အသက် ၁၈နှစ်ပြည့်တော့မယ်..

အချိန်တွေကိုနောက်ပြန်လှည့်ဖို့ တစ်ခါမှစိတ်မကူးမိဘူး.. ဒါပေမယ့် ဖြတ်သန်းခဲ့တဲ့အတိတ်တစ်ခုဆီကို တန်ဖိုးထားတယ်..။

အခုချိန်ထိနေလာရင်းနဲ့ ဘဝမှာကြုံတွေ့ခဲ့ရတဲ့ လူတွေ၊ အရာတွေ၊ အတွေ့အကြုံတွေက ပိုပြီး ရင့်ကျက်တဲ့ လူငယ်တစ်ယောက် ဖြစ်လာစေတယ်..။

ကိုယ့်ကို တိုက်ခိုက်တဲ့သူတွေသာ မရှိခဲ့ဘူးဆိုရင် အမြဲတမ်း လိုလေသေးမရှိ စိတ်ချမ်းသာအောင် ထားပေးခဲ့တဲ့ မိဘတွေကြောင့် ဒီအသက်အရွယ်ထိ လောကဓံဆိုတာကို ခံစားဖူးမှာ မဟုတ်ဘူး.. ကျေးဇူးတင်ပါတယ်..။

ဘဝဆိုတာ အမြဲသာယာစရာ မကောင်းဘူးဆိုတာကို သိစေခဲ့တဲ့အတွက်.. ပြီးတော့ ကိုယ့်ကို တမင်ရည်ရွယ်ပြီး နာကျင်စေခဲ့သူတွေအတွက်ရော မရည်ရွယ်ဘဲ မတော်တဆ နာကျင်စေခဲ့မိသူတွေ အတွက်ရော အမုန်းတွေ အညိုးတွေဆိုတာမရှိပါဘူး..

ဘဝမှာ စိတ်ရှင်းရှင်းပဲလေးနဲ့ပဲ နောက်ဆုံးချိန်ထိ ကိုယ်လုပ်ချင်တာလေးတွေ တစ်ခုပြီးတစ်ခု အချိန်ယူပြီး ဖြစ်မြောက်အောင်လုပ်ရင်း ဖြတ်သန်းချင်တယ်..

ကိုယ့်အတွက် toxic ဖြစ်စေမယ့် လူတွေရော အရာတွေရော စိတ်ထဲမှာ အကြာကြီး မထားမိအောင် ကြိုးစားပြီးနေပါတယ်..

နောက်ပြီး တစ်ခါလောက်ပဲဖြစ်ဖြစ် ချစ်ခင်ပြီး အားပေးခဲ့ကြတဲ့သူတွေ ယုံကြည်ပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်.. ကိုယ့်ကိုချစ်တဲ့သူတွေအပေါ်မှာ အမှားလုပ်ခဲ့ဖူးတာ ရှိရင်လဲ တစ်ခါတည်း တောင်းပန်ချင်ပါတယ်..။

အချိန် ဘယ်လောက်ကျန်သေးလဲ မသိပေမယ့်

ကျန်နေသေးတဲ့ အချိန်တွေမှာ ကိုယ့်ကို တန်ဖိုးထားတဲ့သူ၊ ကိုယ်က တန်ဖိုးထားတဲ့ သူတွေနဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိလေး နေသွားခွင့်ရချင်တယ်...” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

Source - ယွန်းယွန်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။