အလွမ်းအဆွေးသီချင်းလေးတွေအဆိုများပြီး လူမှုကွန်ရက်မှာလည်း ပရိသတ်စိတ်ဝင်စားမှုခံနေရတဲ့ အနုပညာရှင်ထဲမှာ ပိုပို တစ်ယောက်လည်းပါ၀င်ပါတယ်။

အဆိုတော်ပိုပို ကို မင်းသားချောလေး အလင်းရောင် လက်ထပ်ခွင့်တောင်းလိုက်တဲ့ ပုံလေးတွေကတော့ လူမှုကွန်ရက်မှာ ပျံ့နေပြီမို့ ပရိသတ်တွေကတော့ အံ့အားသင့်သွားကြမှာပါ။

တကယ်တော့ သူတို့နှစ်ယောက် အတူတူပါ၀င်သရုပ်ဆောင်ထားတဲ့ သီချင်း MTV တစ်ခုရဲ့ ရိုက်ကွင်းပုံရိပ်တွေက တကယ့်လက်တွေ့မှာလိုလို အထင်မှားစေတာဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး လိုက်ဖက်ညီနေတဲ့ သူတို့နှစ်ယောက်ဟာ သရုပ်ဆောင်ပီပြင်လွန်းနေတာကြောင့် တကယ်ပဲ လက်ထပ်ခွင့်တောင်းလိုက်တယ်လို့ မထင်လိုက်ကြပါနဲ့နော်။

ဂီတလောကထဲကို အောက်ခြေကနေ ကိုယ့်အစွမ်းစနဲ့ကိုယ် ကြိုးစားတက်လှမ်းခဲ့တဲ့ ပိုပို ဟာ တေးစီးရီးခွေတွေလည်း ထွက်ရှိထားတဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

အလင်းရောင်ကတော့ မနေ့ကဖြစ်သည် ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ပရိသတ်အားပေးမှုပိုရလာတဲ့ တက်သစ်စ သရုပ်ဆောင် အဆိုတော်တစ်ဦး ဖြစ်ပါတယ်။နှစ်ယောက်စလုံးဟာ အနုပညာနယ်ပယ်မှာ ပရိသတ်ကိုယ်စီနဲ့ အောင်မြင်နေတဲ့ အနုပညာရှင်တွေဖြစ်ပြီး အချစ်ရေးနဲ့ပတ်သက်ပြီး တစ်ကိုယ်ထဲသမားတွေအဖြစ်ပဲ သိထားကြပါတယ်။

သူတို့နှစ်ယောက်အတူတူသရုပ်ဆောင်ထားတဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ နှစ်ယောက်လုံးကို ချစ်တယ်မလား။  

Source : Sunday Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။