ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ

ဗြိတိန်တော်ဝင်မင်းသားအားပေးတဲ့ အသင်းကတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတစ်ခုဖြစ်တဲ့ အာဆင်နယ်အသင်းပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းကို အားပေးတဲ့ နောက်ထပ်ကျော်ကြားတဲ့ သူတွေကတော့ ဖော်မြူလာဝမ်းပြိုင်ကားမောင်းကစားသမား လူးဝစ်ဟာမီလ်တန်နှင့် ဗြိတိန်ဂျာနယ်လစ် ပီယာစ့်မော်ဂန်တို့လည်း ပါဝင်ပါတယ်။

ဂျက်ကီချန်း

ကမ္ဘာကျော်အက်ရှင်စတန့်မင်းသားကြီး ဂျက်ကီချန်းကတော့ မန်ချက်စတာစီးတီးရဲ့ ပရိသတ်ပဲဖြစ်ပါတယ်။ ယခင်က သူ့ကို အာဆင်နယ်ပရိသတ်ဆုပြီး ထင်ကြေးတွေရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ မန်စီးတီးအသင်းနဲ့ ပက်သက်ပြီး အမှတ်တရရိုက်ကူးထားတဲ့ပုံတွေကို ကြည့်ခြင်းအားဖြင့် မန်စီးတီးအသင်းကို အားပေးတဲ့သူအဖြစ် သိလာရပါတယ်။

အူစိန်ဘော့

ကမ္ဘာ့အပြေးအမြန်ဆုံးလူသားအဖြစ် ထင်ရှားတဲ့ အူစိတ်ဘော့ကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အမာခံ ပရိသတ်တစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲစဉ်တော်တော်များများကို လာရောက်ကြည့်ရှုခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာပါဝင်ဖို့လည်း ကြိုးစားခဲ့ဖူးပါတယ်။

ဘားရက်အိုဘားမား

အမေရိကန်သမ္မတဟောင်းကြီး ဘားရတ်အိုဘားမားကတော့ ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းကို အားပေးတဲ့ ပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်။

Source: Wow Box( Source)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။