နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော်လေးဖြစ်သလို မေမေရဲ့ အသဲတစ်ခုလုံးဖြစ်တဲ့ သားလိမ္မာလေးကတော့ အဆိုတော် ဂျက်စတင်ဘီဘာပါပဲ။

ဆယ်ကျော်သက်ဘဝက လူငယ်ပီပီ အမှားလုပ်ခဲ့မိတာလေးတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဘီဘာ တစ်ယောက် လူကြီးဆန်ပြီး ရင့်ကျက်သွားပြီလို့ ထင်ပါတယ်။

ယခုတစ်ပတ်အတွင်း မော်ဒိုက်မှာ မိခင်နဲ့အတူ အပန်းဖြေခရီးထွက်ခဲ့တဲ့ ဘီဘာကတော့ အမေနားမှာ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းနေပါတယ်။

ဘီဘာရဲ့ မေမေ ဟာ နှစ်တွေအကြာကြီးနေမှအတူတူ အပန်းဖြေခရီးထွက်ဖြစ်တဲ့ သားဖြစ်သူနဲ့ မော်ဒိုက်မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးကို ပြီးခဲ့တဲ့တစ်ရက်ကျော်က သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

ဆလီနာရဲ့ မိဘတွေက သဘောမတူဖြစ်နေတဲ့ သားလေး ဘီဘာကို အားတက်စေတဲ့ ချီးကျုးစကားလေးတစ်ခွန်းကိုပါ ထုတ်ပြောလာခဲ့ပါတယ်။

“အမေ့သားလေးက တကယ်တော်တဲ့လူငယ်လေးပါ” ဆိုပြီး ရေးသားခဲ့ပါတယ်။

သူတို့သားအမိနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းဖွဲ့စာလေးတွေအပြန်အလှန်ရေးလေ့ရှိသလို ဘီဘာကလည်း သူမရဲ့ မေမေနဲ့ပတ်သက်ပြီး အင်တာဗျုးတွေမှာ ပွင့်ပွင့်လင်းလင်း ချီးကျုးလေ့ရှိပါတယ်။

အဆိုတော်ဂျက်စတင်ဘီဘာ နဲ့ ရည်းစားဟောင်း ဆလီနာဂိုးမက်ဇ်နဲ့ အချစ်ရေးပြန်အဆင်ပြေနေပမယ့်လည်း ဆလီနာရဲ့ မိဘတွေဘက်က ကန့်ကွက်နေဆဲဖြစ်ပါတယ်။ 

ကြည်နူးစရာကောင်းတဲ့ ဘီဘာတို့သားအမိရဲ့ မော်ဒိုက်ကမ်းခြေက အပန်းဖြေပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။  

Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။