ပရိသတ်တွေရဲ့ အချစ်တော် ကမ္ဘာကျော်အဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ One Direction ရဲ့ အဖွဲ့ဝင်ဟောင်း Louis Tomlinson ကတော့ ရောဂါသည် ကလေးငယ်လေးအတွက် အလှူငွေများ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်..။

Louis Tomlinson ဟာ မွေးရာပါ အကြောသေရောဂါ ခံစားနေရတဲ့ အသက်(၉)နှစ်အရွယ် ရောဂါသည် ကလေးငယ်လေးအတွက် ဆေးဝါးကုသစရိတ်အနေနဲ့ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

အကြောသေရောဂါသည် Rylee Sanford ဆိုတဲ့ ကလေးငယ်လေးအတွက် ဆေးကုသစရိတ်အဖြစ် ဒေါ်လာတစ်သောင်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

One Direction အဖွဲ့ဝင် Zayn က Twitter မှာ အဲ့ဒီ ရောဂါသည်ကလေးငယ်လေး အတွက် ထောက်ခံအားပေးမှု လုပ်တဲ့အကြောင်း ရေးသားထားခဲ့ပြီး နောက်ပိုင်း Louis က အခုလို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

အဲ့ဒီ Rylee Sanford ဆိုတဲ့ ရောဂါသည် မိန်းကလေးငယ်လေးဟာ One Direction ရဲ့ ပရိသတ်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်..။

Rylee ရဲ့ မိဘတွေက You Caring ဆိုတဲ့ Page လေးကို သူတို့သမီးလေးအတွက် ဆေးကုသစရိတ် အလှူခံတဲ့ အနေနဲ ထောင်ထားခဲ့ပြီး သူတို့သမီးလေး ကြိုက်တတ်တာလေးတွေကို ရေးသားထားတာ ဖြစ်ပါတယ်..။

“သူမဟာ သီချင်းတွေနဲ့တိရစ္ဆာန်လေးတွေကို ချစ်တတ်ပြီး ကမ္ဘာကျော် နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ Zayn, Harry Styles, Niall Horan, Louis Tomlinson, Liam Payne, Jojo Siwa, Taylor Swift, Luke Bryan နဲ့Sam Hunt တို့ကိုလည်း ချစ်ပါတယ်..” လို့ရေးသားထားတာ ဖြစ်ပါတယ်..။

Rylee Sanford ဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အမြဲ ပြုံးနေတတ်တာကြောင့် Rylee ကို True Warrior လို့လည်း ခေါ်ဆိုတာလည်း တွေ့ရပါတယ်..။

Source – DailyMail၊ Celebmix

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။