နန်းနန်းတစ်ယောက်ကတော့ ပြည့်ပြည့်ဝဝလေးကို ချစ်ပါတဲ့ ပရိသတ်ကြီးရေ။ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အဆိုတော်တစ်ယောက်လည်း ဖြစ်တဲ့ သူမက အမြဲတမ်း ချစ်ဖို့ကောင်းတဲ့ပုံလေးတွေကို ရိုက်တင်လေ့ရှိသူပါ။ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်နဲ့ ပုရိသတို့ရဲ့အသည်းကျော်လေးတစ်ယောက်လည်း ဖြစ်ပါတယ်။

အချိုးအဆစ်ကျလွန်းတဲ့ကောက်ကြောင်းအလှကြောင့် ဒီလိုမြန်မာဝတ်စုံလေးတွေနဲ့လည်း လိုက်ဖက်သလို ရင်ခုန်နှုန်းမြန်စေတဲ့ Sexy ကျကျတဲ့ စွဲမက်ဖွယ်စတိုင်တွေနဲ့လည်း တွေ့ရတက်ပါတယ်။

သရုပ်ဆောင်ပိုင်းမှာ မကြာခဏမြင်တွေ့ရတက်တဲ့သူမက Goodbye ဆိုတဲ့သီချင်းလေးရဲ့ ပိုင်ရှင်လဲဖြစ်ပါတယ်။ မိန်းခလေးပရိသတ်တွေရဲ့ နှုတ်ဖျားမှာ အခုထက်ထိ ရေပန်းစားနေတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ တစ်ကိုယ်တော်အခွေဖြစ်တဲ့ “ အချစ်ဘာလဲ” ဆိုတဲ့အခွေလေးအတွက် MTV များကို သူမကိုယ်တိုင်သရုပ်ဆောင်ကာ ပရိသတ်လက်ထဲရောက်နိုင်ဖို့အတွက် ပြင်ဆင်လို့နေပါတယ်။ အချစ်ရေးမှာ တော့ ပျော်စရာကောင်းတဲ့ ချစ်သူဘဝကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။

သူမကတော့ “ မောင် သိပ်ကြိုက်တဲ့ ဆံပင်ရှည်လေးတွေကို ကျမ ဂရုတစိုက်ထားတယ်” လို့ချစ်စဖွယ်စကားလေးကိုဆိုထားပါတယ်။ ဒါကတေ့ာ သူမချစ်သူအပေါ် သူမထားတဲ့ အချစ်တွေကို သက်သေပြလိုက်တာပဲ ပရိသတ်ကြီးရေ။ ဘယ်လိုနေနေ ချစ်ဖို့ကောင်းကာ လိုက်ဖက်နေတဲ့ နန်းသီရိမောင်ရဲ့ဖက်ရှင်ပုံရိပ်လေးတွေကို ပရိသတ်အတွက် စုစည်းပေးလိုက်ရပါတယ်။

Source – Nang Thiri Maung FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။