ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် အဆိုတော် ဆယ်လီနာကတော့ TIME'S UP ရံပုံငွေအတွက် ပါဝင်လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

ဟောလိဝုဒ် အမျိုးသမီးအနုပညာရှင်တွေ စတင်ခဲ့တဲ့ Time's Up အတွက် ရံပုံငွေလှူဒါန်းသူတွေထဲမှာ ဆယ်လီနာဂိုးမက်စ်လည်း ပါဝင်မှုများ ပြုလုပ်လာပြီ ဖြစ်ပါတယ်..။

Time's Up ကို (၂၀၁၇) ခုနှစ် နှစ်ကုန်ပိုင်းမှာ ဟောလိဝုဒ် အမျိုးသမီးအနုပညာရှင် အယောက်(၃၀၀) က စတင် လုပ်ဆောင် လိုက်တာ ဖြစ်ပါတယ်..။

လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု ခံခဲ့ရတဲ့ အမျိုးသမီးတွေ အတွက်အပြင် အမျိုးသားတွေ အတွက်ပါ အသုံးပြုဖို့အတွက် ဥပဒေပိုင်းဆိုင်ရာတွေမှာ ငွေကြေးမတတ်နိုင်သူတွေအတွက် အဓိကထားပြီး ငွေကြေးထောက်ပံ့ ကူညီမှုတွေ ပြုလုပ် ပေးသွားမယ့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်..။

ဆယ်လီနာကတော့ A Rainy Day in New York က ရတဲ့ အနုပညာကြေးထက် ပိုပြီးလှူခဲ့တယ်လို့ သိရပါတယ်..။

ဒါရိုက်တာ Woody Allen ရဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့အတွက် သူမရရှိတဲ့ အနုပညာကြေးထက် ပိုပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

ဒါရိုက်တာ Woody Allen ကတော့ သူ့ရဲ့မွေးစားသမီးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တဲ့အတွက် ပြစ်တင်ရှုံ့ချခံနေရပြီး ဆယ်လီနာက A Rainy Day in New York ဇာတ်ကားမှာ သီချင်းဆိုပြီး အလုပ်တွဲလုပ်ခဲ့တဲ့အတွက် သူမကိုလည်း ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်..။

ဆယ်လီနာကို သူမရဲ့ တွဲဖက်သရုပ်ဆောင် Timothée Chalamet က အဲ့ဒီဇာတ်ကားမှာ ရရှိခဲ့တဲ့ အနုပညာကြေးတွေကို Time's Up အပါအဝင် အခြား ပရဟိတလုပ်ငန်း (၃) ခုကို လှူဒါန်းဖို့ကို တိုက်တွန်းခဲ့တာပါ..။

ဆယ်လီနာကလည်း အဲ့ဒီဇာတ်ကားမှာ ရရှိခဲ့တဲ့ အနုပညာကြေးထက် ပိုများတဲ့ အလှူငွေတွေကို Time's Up Legal Defence Fund မှာ အမည်မဖော်ဘဲ လှူသွားခဲ့တယ်လို့ သိရပါတယ်..။

Source - People

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။