ယနေ့ လူမှုစာမျက်နှာထက်မှာတော့ နာမည်ကြီးအဆိုတော် ပိုပိုနဲ့ ပရိသတ်အချစ်တော် မင်းသား အလင်းရောင်တို့ရဲ့ ဓာတ်ပုံတွေက နေရာယူလို့ထားပါတယ်။ အလင်းရောင်က ပိုပို့ကို လက်ထပ်ခွင့်တောင်းလိုက်တယ်ဆိုတဲ့ သတင်းကြောင်း သူတို့နှစ်ဦးရဲ့ ပရိသတ်တွေကြား ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပါသေးတယ်။ လူတွေအများကြီး ရှေ့မှာ ပိုပို့ကို လက်ထပ်ခွင့်တောင်းနေတဲ့ ပုံလေးတွေဟာ ပရိသတ်တွေကြား စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

တကယ်တော့ ဒါက MTV ရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေသာဖြစ်တယ်လို့ သိရပါတယ်။ အဆိုတော် ပိုပိုရဲ့ အသစ်ထပ်မံထွက်ရှိမယ့် "Marry me" ဆိုတဲ့ သီချင်းအသစ်အတွက် mtv ရိုက်ကူးနေတာဖြစ်ပါတယ်။ ချစ်ဖို့ကောင်းပြီး လိုက်ဖက်ညီတဲ့ ဓာတ်ပုံတွေကြောင့် ပရိသတ်တွေကတော့ အစပိုင်းမှာ တကယ်လို့ ထင်ခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေကတော့ ဒီသီချင်းလေးအတွက် ရင်ခုန်နေကြပါတယ်။ 

"အိမ်မက်ဆုံရာ" ကဆင့် ဂီတလောကကို ဝင်ရောက်ခဲ့တဲ့ ပိုပိုဟာ လက်ရှိမှာတော့ နာမည်ကြီး အဆိုတော် တစ်ဦးအဖြစ် ရပ်တည်လို့နေပါတယ်။ တေးအယ်ဘမ် (၃) ခုထွက်ရှိထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူလည်းဖြစ်ပါတယ်။ ထို့အတူ အလင်းရောင်ဟာလည်း နောက်တက်မင်းသားတွေထဲမှာ ပရိသတ်အားပေးမှု အများဆုံးရရှိထားသူတစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ရိုက်ကူးနေရသူတစ်ဦးဖြစ်ပါတယ်။

ကဲ ပရိသတ်ကြီးအတွက် သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်....

Source: 8 days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။