အမုန်းမှသည် ဇာတ်လမ်းတွဲကို အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေရှိကြလားဗျိုး ?

ပြသစဉ်ထဲက ထိုဇာတ်လမ်းတွဲလေးကအောင်မြင်ခဲ့သလုုိ ပါ၀င်တဲ့ သရုပ်ဆောင်တွေကလည်း အားပေးတဲ့ ပရိတ်သတ်တွေ အများအပြားရရှိခဲ့ပါတယ် ။

ဇာတ်ကားပြီးဆုံးချိန်အထိ သရုပ်ဆောင်တွေကို ဇာတ်ကားထဲက နာမည်တွေ အတိုင်းခေါ်ဝေါ်နေတဲ့ထိကို အားပေးကြတာပါ ။ 

သရုပ်ဆောင်ကျော်ထက်ဇော်ကို မြင်တာနဲ့ ထိုဇာတ်လမ်းတွဲထဲက ကာရိုက်တာနာမည် စိုင်းနေရောင်နဲ့ ့တွဲပြီးမြင်ကြပါတယ် ။

ပရိတ်သတ်တို့ရဲ့ စိုင်းနေရောင်က သရုပ်ဆောင်တာတင်တော်တာမဟုတ်ပါဘူး ။ ပညာရေးမှာလဲ ကျောင်းအတွက် ဂုဏ်ယူရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ် ။

" အမှတ်တရ နေ့လေးပါပဲ Mr TU (Thanlyin)ဆုရတုန်းက တနေ့မှာ ကျောင်းအတွက် ဂုဏ်ယူရတဲ့ သူတစ်ယောက် ဖြစ်ချင်ခဲ့ဖူးတယ် 

ဇာတ်လမ်းတွဲလေး လွှင့်ပြီးတဲ့ အချိန် နဲ့ စိုင်းနေရောင် ကို အားပေးနေတဲ့ အချိန် မှာ ပါချုပ်ကြီးမှ ဖိတ်ကြားမှုနှင့်အတူ အမှတ်မထင်ဒီဆုလေးပေးခဲ့တဲ့ အတွက် ကျေးဇူးအထူး တင်မိပါတယ်

မအားတဲ့ ကြားက ကူညီပေးတဲ့ သူငယ်ချင်း Thun Thit Sar Zaw. May Akarihtoo Hnin Lai Yi တို့ကိုထာဝရကျေးဇူးတင်လျက်ပါ

ခရီးထွက်ရမှာမို့ ပွဲပြီးတဲ့ အထိမနေခဲ့ရတာ နားလည်ပေးပါနော် ပွဲပြန်လုပ်တော့ ဆရာ Don Ko သတိရမိတယ် " လို့ သူက ဆိုခဲ့ပါတယ် ။

စာလည်းတော် ရုပ်လည်းချော သရုပ်ဆောင်လည်းကောင်း တဲ့ အင်ဂျင်နီယာမင်းသားလေး ကိုကျော်ထက်ဇော် ကိုအားပေးတဲ့သူတွေရှိရင် ပြောသွားခဲ့လေနော် ။  

သတင်းအရင်းမြစ် Kyaw Htet Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။