ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကမှာအောင်မြင်မှု ပရိတ်သတ် အခိုင်အမာရရှိနေတဲ့ ပိုင်တံခွန်ကိုတော့ ပရိတ်သတ်တွေသိကြတယ်မလား။ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ စကားသံဝဲဝဲလေးက ပရိသတ်တွေအကြိုက်တွေ့စေတဲ့ အရာလေးတွေပါပဲ။

စမတ်ကျလှတဲ့ သူ့ဒီဇိုင်းနဲ့ စွဲမက်အရာအပြုံးလေးတွေကလဲ သူ့ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုပါပဲ။

အခုလက်ရှိမှာဆိုရင်လဲ ပိုင်တံခွန်က ချောင်းသာကို အပန်းဖြေဖို့ရောက်ရှိနေတာပဲဖြစ်ပါတယ်။ သူ့ရဲ့အပန်းဖြေနေတဲ့ပုံရိပ်လေးတွေတချို့ကိုလဲ မြင်တွေ့ပြီးတဲ့ ပရိတ်သတ်တွေရှိကြမယ်လို့လဲထင်ပါတယ်။မကြာသေးမီအချိန်လေးမှာဆိုရင်တော့ ပိုင်တံခွန်ဟာ သူ့ရဲ့ဖေ့ဘွတ်အကောင့်ကနေပြီးတော့ ခံစားချက်တွေကိုထုတ်ဖော်ခဲ့ပါတယ်။

ထုတ်ဖော်ခဲ့တဲ့ခံစားချက်လေးကဘာလဲဆိုရင်တော့ "သဲသဲမဲမဲအချစ်ခံချင်လို့ မဲမဲသဲသဲဖြစ်နေပြီ" ဆိုတဲ့ခံစားချက်လေးပါပဲ။ ပိုင်တံခွန် သဲသဲမဲမဲအချစ်ခံချင်တာက ဘယ်သူ့ဆီကဖြစ်မယ်လို့ထင်လဲပရိတ်သတ်ကြီးရေ။ အကယ်၍ ပိုင်တံခွန်မဲမဲသဲသဲလေးဖြစ်သွားရင်ရော ချစ်ကြဦးမှာလား။

source - Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။