မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပိတောက်ကုန်းကျေးရွာမှာနေထိုင်တဲ့ ကလေးငယ်လေးတစ်ဦးဟာအရွယ်နဲ့မလိုက်တဲ့ဝေဒနာတွေကို ပြင်းထန်စွာခံစားနေရပါတယ်။ထိုကလေးလေးရဲ့နာမည်ကတော့ မောင်မြင့်ဇော်ဖြစ်ပြီး အသက်က ၄ နှစ်ကျော်ကျော်ပဲရှိပါသေးတယ်။ သူ့ရဲ့ အဖေက သူများလယ်မှာ အဌားအလုပ်သမားအဖြစ်လုပ်ကိုင်ပြီး အမေကတော့တောက်တိုမယ်ရလုပ်ကိုင်တယ်လို့လဲ သိရပါတယ

ဘယ်ဘဝကဝဋ်ကျွေးတွေလဲတော့ မသိပါဘူး ထိုကလေးလေးရဲ့ အမျိုးသားအင်္ဂါဟာ သူ့ရဲ့ခေါင်းအရွယ်အစားလောက်ကြီးမားနေပြီး ပြင်းထန်တဲ့ဝေဒနာတွေခံစားနေရတယ်လို့သိရပါတယ်။မွေးဖွားပြီးပြီးချင်း တလလောက်ထဲက လက်သီးတဆုပ်စာအလုံးလေးက တဘက်ကျ ၊ တဘက်တက်ရာကနေ အခုလိုအခြေအနေထိဖြစ်လာဖြစ်ပါတယ်။အခုဆိုရင် ကျင်ငယ်ရေစွန့်တဲ့အပေါက်ကလေးဟာ အူဘေးနားမှာကပ်နေပြီး အပေါ့စွန့်လို့ရရုံသာရှိတယ်လို့သိရပါတယ်။

‌တနေ့တခြားပိုပိုကြီးမားလှမှုကြောင့်လဲ ကလေးလေးဟာ အခက်အခဲတွေများစွာရင်ဆိုင်နေပြီး သနားစရာကောင်းလှပါတယ်။ လေးနှစ်ကျော်အရွယ်လေးနဲ့ ပြင်းလှတဲ့ဝေဒနာတွေခံစားနေရတာလဲ အတိတ်ကဘာဝဋ်ကျွေးတွေပါလာလို့လဲကလေးလေးရယ်။

source - YON

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။