လူတိုင်းဝေဒနာတစ်ခုမဟုတ် တစ်ခုခံစားနေရတတ်ပါတယ်။ လူးတိုင်းမကျန်းမာခြင်းကို တစ်ကြိမ်တစ်ခါ လောက်တော့ခံစားရကြပါတယ်။ သွေးလေပြောင်းလဲလို့ဖြစ်တာပဲဖြစ်ဖြစ် ၊ မတော်တဆ ထိခိုက်ဒဏ်ရာ ရလို့ပဲဖြစ်ဖြစ် နာရမြဲပါပဲ။ ကျန်းမာခြင်းက ဘယ်အရာနဲ့မှ တန်ဖိုးဖြတ်လို့မရနိုင်ပါဘူး။တစ်ချို့ဝေဒနာတွေကို ဆေးကုသလို့ရနိုင်ပေမဲ့ တစ်ချို့ကိုတော့တိုင်းရင်းဆေးတွေနဲ့မှ ပျေက်ကင်းတာတွေ တွေ့ရှိရပါတယ်။ ခုဖော် ပြေပေးမဲ့တိုင်းရင်ဆေးစွမ်းကတော့ တစ်ကယ့်လက်တွေ့မှာ ရောဂါဝေဒနာပျေက်ကင်းသူတွေ အများကြီးမို့ လက်တွေ့ကျကျ အသုံးပြုစေချင်ပါတယ်။ ဘာအန္တာရယ်မှ လည်းမရှိလို့စိတ်ချစွာ သုံးစွဲလို့ရတဲ့ ဆေးနညး်ဖြစ်ပါတယ်။

ဒီဆေးနည်းလေးကို ဘုနး်ဘုန်းတစ်ပါးက လက်တွေ့ဆေးနည်းပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီဆေးနည်း လေးကို ရေးသားဖော်ပြပေးလိုက်ရပါတယ်။ ဆေးနည်းပေးတဲ့ ဘုန်းဘုန်းကို် ကျေးဇူးတင်ရှိပါတယ်။ ခြေဖနှောင့် အတက်ပေါက်ရင်လမ်းလျှောက်မရတာ ဖြစ်တဲ့သူတိုင်းခံစားဖူးမှာပါ။ လူတစ်ယောက်မှာ ခြေ ထောက်က ခရီးတစ်ခုကိုအရောက်သွားဖို့ အဓိကပဲမဟုတ်လား။ ဒါကြောင့် ခြေထောက်အတက်ပေါက်ခဲ့ရင် ဆေးနည်းလေးကတော့ - ဆိတ်ချေး ၊ ရေနံချေး နှင့် ဆားအနည်းငယ်ဖြစ်ပါတယ်။ သုံးခုလုံးကို် ဆတူရောပြီး ပါ(မှတ်ချက် ဆိတ်ချေးက အခြောက်ဖြစ်ရပါမယ်) ဆိတ်ချေးကိုအမှုန့်ကြိတ်ပြီး ရောပေးရပါမယ်။

ခြေဖနှောင့် အတက်ပေါက်တဲ့ နေရာမှာ အုံးပြီးပတ်တီးစည်ကာ (၂) ညသိပ်ထားရပါမယ်။ ပြန်ခွာလိုက်ရင် တော့ ခြေဖနှောင့် အတက်ပေါက်တာယူပစ်သလိုပျေက်သွားပါလိမ့်မယ်။ တန်ဖိုးနည်းတဲ့ဆေးနည်းလေးဖြစ် လို့မယုံပဲမနေပါနဲ့နော်။ ခုခေတ်လူတွေက နာမည်ကြီးဆရာဝန်တွေမှ အထင်ကြီးတာလေ။ ဒီဆေးနည်းလေး ကိုသိပြီးရင်လည်း မိတ်ဆွေတွေကို မျှဝေပေးဖို့မမေ့ပါနဲ့နော်။ အားလုံးကျန်းမာပျော်ရွင်တဲ့ ဘဝတစ်ခုကို ပိုင် ဆိုင်နိုင်ကြပါစေ။

Source : U May Dar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။