ပင်လယ်မှာပျော်တဲ့ ဇင်ယော်ငှက်လေးဆုအိမ်စံကတော့ သူမဘဝမှ ကမ်းခြေသွားရတာ အရမ်းပျော် တယ်လို့ ဆိုခဲ့ဖူးပါတယ်။ကမ်းခြေသွားရတာ ကြိုက်တဲ့ ဆုအိမ်စံတစ်ယောက် ယခုသူမ နှစ်သက်တဲ့ ကမ်းခြေလေးကိုထပ်မံ ရောက်ရှိနေတယ်လို့ သိရပါတယ်။အလုပ်တွေခဏနုားပြီး အပန်းဖြေခရီး လေးသွားနေတာပဲဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်မှာလည်း ကမ်းခြေရောက်အလန်းစား ပုံရိပ်လေးတွေ မျှဝေထားတာ ပဲဖြစ်ပါတယ်။အဖြူရောင်ဝတ်စုံလေးနဲ့ အပြာရောင်ပင်လယ်ပြင်ကြီးရဲ့ အထက်မှာ ပျံဝဲနေတဲ့ ဇင်ယော်ငှက်လေး အလား ထင်မှတ်ရပါတယ်။ကမ်းခြေကိုနှစ်သက်တဲ့ ဆုဆုတစ်ယောက်လည်း အရမ်းကို ပျော်ရွှင်နေပုံရပါတယ်။

ချစ်ပရိသတ်တွေကလည်း သူမရဲ့ ကမ်းခြေအရောက် အလန်းစားပုံရိပ်လေးတွေကို ကြည့်ပြီး အချစ်ပို နေကြတာပဲဖြစ်ပါတယ်။ဆုအိမ်စံရဲ့ ကမ်းခြေအရောက် အလန်းစားပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ချစ်ပရိသတ်တွေရော ကမ်းခြေသွားရတာ နှစ်သက်တဲ့ သူတွေရှိလား?။ 

သတင်းအရင်းအမြစ် - ဆုအိမ်စံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။