ဒီနေ့ရဲ့အေးမြတဲ့ မနက်ခင်းအောက်မှာတော့ ပရိသတ်အသည်းကျော်လေး သဉ္ဇာတစ် ယောက်တော့ ပျော်လို့နေပါတယ်။ ညို့မှိုင်းနေတဲ့ တိမ်တွေအောက်မှာ အနီရောင်နဲ့ ဖက်ဖူးရောင် ရောစပ်ထားတဲ့ မြန်မာဝတ်စုံလေးကို ဝတ်ကာကြည့်မဝနိုင်လောက် အောင် အလှကြီးလှနေတာပါ။ အချစ်ရေးမှာတော့ Ralationship လို့ဖော်ပြထားတဲ့ သူမတစ်ယော က်က မကြာခဏဆိုသလို့ အချစ်နဲ့ စာသားလေးတွေကို ရေးတင်လေ့ ရှိပါတယ်။

ဒီနေ့လည်း လှပလွန်းတဲ့ပုံလေးတွေနဲ့အတူ “ အရမ်းလွမ်းတယ်” လို့လဲဆိုပါတယ်။ ချစ်သူကိုပဲလွမ်းနေတာလား ဒါမှမဟုတ် သူမချစ်တဲ့ ပရိသတ်ကိုပဲ လွမ်းနေတာလားဆိုတာတော့ မသေချာပါဘူး။ သေချာတာတစ်ခုကတော့ ဘယ်သူကိုပဲ လွမ်းလွမ်း ဒီလွမ်းသူမလေးက သိပ်ချစ်ဖို့ကောင်းနေတာပါပဲ။

၂၀၁၈ ရဲ့ ပိတ်ကားထက်မှာ သူမကိုမမြင်ဖူးသေးတဲ့ ကာရိုက်တာ အသစ်အဆန်းတွေနဲ့ အတူ မြင်တွေ့ရတော့မှာပါ။ ပရိသတ်အကြိုက်တွေ့စေမယ့် ဟာသ အချစ် ဇာတ်လမ်း များစွာနဲ့ အတူ ရောက်ရှိလာဖို့ သူမတစ်ယောက်က ကြိုးစားကာလို့နေပါတယ်။ တစ်ယောက်တည်းသီးသန့်နေတက်ကာ ပွင့်ပွင့်လင်းလင်း ပြောဆိုတက်တာက သူမရဲ့ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်လို့နေပါတယ်။

ရင်ဖိုလောက်တဲ့ ကောက်ကြောင်းအလှ၊ ဆွဲဆောင်မှုလွန်းနေတဲ့ အလှအပတို့နဲ့ Follwers အများဆုံးရရှိထားတဲ့ အနုပညာရှင်တွေက တစ်ယောက်အဖြစ် အောင်မြင်စွာ ရပ်တည်နေတဲ့ မင်းသမီးချောလေး တစ်ယောက်ပါပဲ။ ဒါကြောင့် ဒီနေ့အတွက် သူမလေးရဲ့ လှပတဲ့ ပုံရိပ်လေးတွေကို စုစည်းဖော်ပြလိုက်ရပါတယ်။

Source – Thin Zar Wint Kyaw FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။