နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်လ်ဒယ် သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ ကုသိုလ်ရေးတွေ လုပ်ပြီး ဆုတွေ မတောင်းတတ်ဘူးလို့ ဆိုလာပါတယ်..။

ကုသိုလ်ရေးတွေ လုပ်ပြီး သူများပျော်တာကို ပီတိဖြစ်ပေမယ့် နောက်ဘဝအတွက် ဆုတွေ မတောင်းတတ်ဘူးလို့ ပြောပြလာတာ ဖြစ်ပါတယ်..။

မင်းသားချောလေး တိုင်ရွန်ကတော့ ရှုတင်ကအပြန် ဌက်စာကျွေးပြီး ဌက်လွှတ်ခဲ့တဲ့ သူ့ရဲ့ ကုသိုလ်ရေးနဲ့ ပတ်သက်ပြီး ပီတိဖြစ်ရတဲ့ အကြောင်းကို ပရိသတ်တွေကို ပြန်လည် ပြောပြခဲ့တာ ဖြစ်ပါတယ်..။

မင်းသားချောလေး တိုင်ရွန်က သူပြုခဲ့တဲ့ ကောင်းမှုကုသိုလ်လေးကို သူအသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည် မျှဝေထားတာ ဖြစ်ပါတယ်..။

“ရှုတင်အပြန် ဌက်စာကျွေးတယ် ဌက်လွှတ်တယ်.. ကုသိုလ်ထက်စာရင် ပထမဆုံးဌက်စာရောင်းတဲ့ သူ ဌက်စာရောင်းရမယ်.. ရောင်းရရင်သူပျော်တဲ့ အပျော်တစ်ခု.. ဌက်တွေစားရရင်ဗိုက်ဝလို့ ပျော်တဲ့ အပျော်တစ်ခု အဲ့နစ်ခုကို ကျွန်တော်ပီတိဖြစ်တယ် ဒါဘဲ.. နောက်ဘဝတွေ ဆုတွေ မတောင်းတတ်ဘူးဘယ်တော့မှ..” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

မင်းသားချောလေး တိုင်ရွန်ကတော့ နှုတ်ခမ်းနီမလေးတွေကြား ယနေ့တိုင် ရေပန်းစားနေတဲ့ မော်လ်ဒယ် မင်းသားတစ်လက်လည်း ဖြစ်ပါတယ်..။

မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ မော်လ်ဒယ်တစ်ဦးအဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အခုတစ်ခါမှာတော့ သရုပ်ဆောင်အလုပ်တွေပါ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်..။

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ အများဆုံး ရရှိထားတဲ့ မင်းသားချောတိုင်ရွန်ဟာ လတ်တလောမှာ ဓာတ်ပုံ၊ မဂ္ဂဇင်းကြော်ငြာတွေ ရိုက်ကူးပေးနေပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်..။

မင်းသားချောလေး တိုင်ရွန်ကတော့ နောက်ထပ်အနုပညာလှုပ်ရှားမှုသစ်တွေနဲ့ ပရိသတ်တွေရှေ့ ရောက်ရှိလာဖို့ ကြိုးစားနေတာလည်း တွေ့ရပါတယ်..။

Source - တိုင်ရွန် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။