နေပြည်တော်၊ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့ရှိ မုံးကိုးတပ်စခန်းအား KIA၊ TNLA၊ MNDAA၊ AA အကြမ်းဖက် သောင်းကျန်းသူများမှ နိုဝင်ဘာ ၂၀ ရက်မှစ၍ ယနေ့အထိ ၁၄ ရက်အကြာ အင်းအားသုံး ၀ိုင်းပတ် တိုက်ခိုက်လျက်ရှိရာ အဆိုပါ တပ်စခန်းသို့ စစ်ကူပေးရန် သွားရောက်သည့်

တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူများ၏ အဆင့်ဆင့်ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်မှုများကို ထိုးဖောက် ကျော်လွှား၍ ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်တွင် မုံးကိုး တပ်စခန်းသို့ ရောက်ရှိပူးပေါင်းနိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော် စစ်ကြောင်းများက မုံးကိုးမြို့အတွင်း အသေးစိတ်ရှင်းလင်းမှုများကြောင့် မြို့တွင်းရှိ အကြမ်းဖက် သောင်းကျန်းသူများသည် ဦးတည်ရာမဲ့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးလျက်ရှိကြောင်းနှင့် တပ်မတော်အနေဖြင့် မုံးကိုးမြို့အား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။