နာမည်ကျော်သရုပ်ေ်ဆာင်တစ်ဦးဖြစ်တဲ့ ဆုအိမ့်စံတစ်ယောက် သူမရဲ့အလန်းစားပုံရိပ်တွေ ကို ရိုက်ကူးထားပုံက တကယ်ကိုကြွေချင်စရာကောင်းလှပါတယ်။ သူမဟာအောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး အားပေးချစ်ခင်တဲ့ပရိတ်သတ်တွေလည်း အခိုင်အမာ ရရှိထား ပါသေးတယ်။ သူမရဲ့ချစ်သူကလည်း စိန်ဘယက်ဆေးတိုက်ရဲ့မျိုးဆက်လေးဖြစ်တဲ့ သရုပ်ေ် ဆာင်သူရိယပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးက အနုပညာအသိုင်းအဝိုင်းမှာနာမည်ရှိပြီးသား ဖြစ်ပြီး နှစ်ယောက်အတူ တွဲသရုပ်ဆောင်တဲ့ ဇာတ်ကားတွေလည်း အများအပြားပါပဲ။

တစ်ယောက်နဲ့တစ်ယောက်က အရမ်းကိုချစ်ကြပြီး ပရိတ်သတ်အားကျတဲ့ စုံတွဲလေး တစ်တွဲပါ ပဲ။ နှစ်ယောက်သားရဲ့ ချစ်ခရီးလမ်းဟာလည်း အခုဆိုရင်တစ်နှစ်ကျော်ကာလ ကို တိုင်ခဲ့ပြီ ပဲဖြစ်ပါတယ်။ ဆုဆုကို သူရိယက အရမ်းကိုဂရုစိုက်ပြီးချစ်ခင်တာမို့ သူမအနေ နဲ့ အရမ်းကို စိတ်ချမ်းသာတဲ့အချစ်ရေးလေးကို ပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ ချစ်စရာ ကောင်းတဲ့ ချစ်သူစုံတွဲတစ်တွဲပါပဲ။ နှစ်ယောက်သားခရီးတွေအတူတူထွက်ကြပြီး အလှဆုံး ပုံရိပ်လေး တွေကို မှတ်တမ်းတင်တတ်ကြပါ တယ်။ လိုက်ဖက်လွန်းတဲ့သူတို့နှစ်ဦးရဲ့ ပုံရိပ် လေးတွေကို Instagram မှာတင်တတ်ပါသေးတယ်။

လက်ရှိမှာတော့ ကမ်းခြေမှာအပန်းဖြေနေတဲ့ ဆုဆုတစ်ယောက် အလန်းတကာ့အလန်းဆုံး ပုံရိပ်တွေကို ရိုက်ကူးထားပြီး Facebook ပေါ်တင်ထားတာပဲဖြစ်ပါတယ်။ အဖြူရောင် ရှပ်အင်္ကျ ီပေါင်လည်ထိအရှည်အပွကို ဝတ်ဆင်ထားပြီး အမိုက်စား Pose ပေးနေတဲ့ သူမရဲ့ပုံရိပ်တွေကတော့ တကယ့်ကိုရင်ခုန်ချင်စရာကောင်းပါတယ်။ ပရိတ်သတ်ကြီး အတွက်လည်း ဆုဆုရဲ့အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်မယ်နော်။

Photo - Hse Eaint San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။