လတ်တလော လူမှုကွန်ယက်စာမျက်နှာမှာ ပရိသတ်တွေကြား ရေပန်းအစားဆုံး အနုပညာရှင်တွေကြားမှာ မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းကလည်း တစ်ဦးအပါအဝင်ပါပဲ..။

ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေရဲ့အချစ်တော် မအေးသောင်းကတော့ မလှတာလေးတွေက သူမရဲ့ အားနည်းချက်ပါလို့ ဆိုလာပါတယ်..။

လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က အေးသောင်းက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

“ပဲကတော့များတာပဲ လွတ်သွာတဲ့အချိန်တော့ ပင်ကိုယ်ရုပ်ခံကပေါ်လာတာပဲ.. မတတ်နိုင်ပု မလှတာလေးတွေက ကိုယ့်အားသာချက်.. နဂိုကတည်းက လှတာမဟုတ်ဘူး..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

သူမရဲ့ အဲ့ဒီပို့စ်ရဲ့ အောက်မှာ ပရိသတ်တွေကတော့ သူမဟာ အရမ်းလှပြီး ချစ်စရာကောင်းတဲ့ အကြောင်း၊ အမြဲချစ်ခင်အားပေးနေတဲ့ အကြောင်းတွေကို Comment များပေး ရေးသားထားကြတာ တွေ့ရပါတယ်..။

ပြည်သူ့အချစ်တော် မအေးသောင်းတစ်ယောက်ကတော့ သူမရဲ့ ချစ်စဖွယ် အပြောအဆို အမူအရာလေးတွေနဲ့ ပရိသတ်တွေကို အမြဲ ဖမ်းစားတတ်သူလေးပါပဲ..။

သရုပ်ဆောင် မင်းသမီးအေးဝတ်ရည်သောင်းကတော့ ယောင်္ကျားလေး ပရိသတ်တွေ အများ ရရှိထားသလို မိန်းကလေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ အခိုင်အမာရရှိထားတဲ့ ဆယ်လီတစ်ဦးလည်း ဖြစ်ပါတယ်..။

အခမ်းအနားပွဲတွေမှာ မပါမဖြစ် ဆက်တိုက်တတ်ရောက်ဖြစ်နေတဲ့ မအေးသောင်းကတော့ လတ်တလောမှာလည်း ဓာတ်ပုံ မဂ္ဂဇင်းကြော်ငြာများ ဇာတ်ကားတွေလည်း ပြန်လည်ရိုက်ကူးနေတာ တွေ့ရပါတယ်..။

အမြဲ ချစ်စရာကောင်းတဲ့ မအေးသောင်းကတော့ သူမရဲ့ ရိုးရိုးယဉ်ယဉ် နန်းဆန်တဲ့ အလှနဲ့ ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်တွေကတော့ အချစ်ပိုနေရဆဲပဲ..။

Source - အေးသောင်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။