လည်ပင်းကြီးရောဂါဟာ အိုင်အိုဒင်ဓာတ်လိုအပ်တဲ့တွက် ဖြစ်နိုင်ခြေအများဆုံးတွေ့ရှိရပါတယ်။ခုတင်ပြပေး မဲ့ဆေးနည်းလေးကတော့လည်းပင်းကြီးရောဂါအတွက် မုန်ညင်းဆီ ဟာအသုံးဝင်နေပါတယ်။ မုန်ညင်းဆီကို် ခေါင်းကိုက်ခြင်း၊ ခေါင်းအုံခြင်း၊ တို့အတွက်ဦးရည်ပြားကိုလိမ်းပေးရပါတယ်။ ဇက်ကြောတက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊အတွက် မုန်ညင်းဆီကိုလိမ်းပေးပါ။ အနာပေါက်ခြင်းအတွက် မုန်ညင်းဆီလိမ်းပေးပါက ပျောက်ကင်းနိုင်ပါတယ်။မုန်ညင်းဆီဟာ ဝမ်းမီးကိုတောက်စေပါတယ်။ သလိပ်ကိုရှင်းစေပါတယ်။ သွေးအန်၊ သွေးကျ၊ ယားယံခြင်း၊ တို့အတွက်လိမ်းပေးလို့ရပါတယ်။ နောက်တစ်ခုကတော့ မုန်ညင်းဖြူစေ့ကို ကွမ်းစားဂမုန်းနှင့် ရောသွေးကာ အဆစ်ရောင်ခြင်းတို့တွင်လည်း လိ်မ်းပေးနိုင်ပါတယ်နော်။

ယားနာ၊ပွေး ဝေဒနာတွေအတွက် မုန်ညင်းဆီ ၊မရိုးရွက်ရည်၊ နနွင်းတက်တို့ကို်ရောချက်ကာ ရလာတဲ့အဆီ ကို်လိမ်းပေးပါကသက်သာပျေက်ကင်းပါတယ်။ အအေးမိခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ကလေးများဗို်က်နာ ခြင်းတို့အတွက် မုန်ညင်းဆီကိုပရုတ်နှင့်ချက်ကာလိမ်းပေးပါက ပျောက်ကင်းပါတယ်။ ထိပ်ကပ်နာတွေ အတွက်ညအိပ်ရာဝင်ချိန်တွင် နှာခေါင်းတွင်းသို့ မုန်ညင်းဆီအနည်းငယ်ထည့်ပေးရင် ပျောက်ကင်းနိုင်ပါ တယ်။ထုံကျင်ခြင်း၊ အကြောဆွဲခြင်း၊ တို့အတွက်မုန်ညင်းဆီတစ်ဆ ၊နှမ်းဆီတစ်ဆ ၊တောင်ဆိတ်ဆီနှင့် နှင့် ဖျော်ပြီးလိမ်းပေရင်ပျောက်ကင်းပါတယ်။ မုန်ညင်းဆီကိုဟင်းချက်ရာမှာအသုံးပါနဲ့၊ သွေးလှည့်ပတ်မှုကောင်း စေဖို့ အစာခြေစနစ်ကောင်းမွန်စေဖို့ မုန်ညင်းဆီကအစွမ်းထက်ပါတယ်။

အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ကိုကာကွယ်ပေးပါတယ်။ အဝလွန်ခြင်း၊ ကျောက်ကပ်ဝေဒနာတွေ အတွက် အနည်းငယ်စားပေးပါက သက်သာစေပါတယ်။ လေဖက်နာကိုက်ခဲခြင်းတွေအတွက် မုန်ညင်းဆီ ကိုလိမ်းပေးပါက သက်သာစေပါတယ်။မုန်ညင်းဆီက ဗီတာမင်အီပါဝင်ခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် ကိုကာကွယ်ပေးပါတယ်။ ကဲဒီလောက်ဆို မုန်ညင်းဆီရဲ့အသုံးဝင်ပုံတွေကို ပြောပြခဲ့ပြီးမို့် သိရှိလောက်ပြီးလို့ ထင်ပါတယ်နော်။ အားလုံးကျန်းမာရွင်လန်းကြပါစေ။

Source : Health Updates Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။