ဇန်​နဝါရီ ၁၉ ရက်​​နေ့တွင်​ အဆိုတော်ထူးအယ်လင်းနဲ့ကော်ဘရာတို့ကို အပြီးအသတ် အမိန့်ချမှတ်ရန်စီစဉ်ထားသော်လည်း ထူးအယ်လင်းမှ အလုပ်ကိစ္စနဲ့ ခရီးထွက်နေရတဲ့အတွက် အမိန့်ချမယ့်ရက် ရွေ့ဆိုင်းလိုက်ကြောင်းသိရပါတယ်။ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ-၃၀(က)နဲ့ တရားစွဲတင်ထားတဲ့ အဆိုတော်ထူးအယ်လင်းနဲ့ ကော်ဘရာတို့ကို ဒဂုံမြို့နယ်တရားရုံး တရားသူကြီး တရားခွင်မှာ စစ်ဆေးနေတာဖြစ်ပါတယ်။

ထူးအယ်လင်းနဲ့ ကော်ဘရာတို့ရဲ့ အထက်တန်းရှေ့နေ ဦးကျော်စွာဝင်းက "ဒီကနေ့အမိန့်ချမှတ်ဖို့စီစဉ်ထားတာပါ။ ဒါပေမဲ့ ထူးအယ်လင်းက အမိန့်ချမယ့်ရက်မှာ မန္တလေးမှာ ရှိုးပွဲရှိတဲ့အတွက် မအားလို့တရားရုံးကိုမလာနိုင်ဘူး။ ကော်ဘရာကတော့လာပါတယ်။ နှစ်ယောက်စလုံးရှိမှ အမိန့်ချမှတ်လို့ရမှာပါ။ အဲ့တာကြောင့် နောက်တစ်ပတ် ၃၁ရက်နေ့ကိုချိန်းဆိုလိုက်တယ်။သူတို့နှစ်ယောက်စလုံးကို အာမခံပေးထားတာဖြစ်ပါတယ်။''လို့ပြောပါတယ်။

ဒဂုံမြို့နယ် ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာ ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့ ည၉နာရီအချိန်ခန့်က အဆိုတော်ထူးအယ်လင်းနဲ့ကော်ဘရာတို့ဟာ Taxi အဌားယာဉ်တစ်စီးနဲ့ ခိုက်ရန်ဖြစ်ပွားတယ်လည်း ဖြစ်​ပါတယ်​။ အဆိုပါ ဖြစ်​ရပ်​​ကြောင်​့ တရားရားစွဲဆိုခြင်​း ခံထားရတဲ့ ယင်​းအနုပညာရှင်​နှစ်​​ယောက်​ ကို အမိန်​့ချဖို့ လာမည်​့ ဇန်​နဝါရီလ ၃၁ ရက်​​နေ့သို့ ​ရွေ့​ပြောင်​းခဲ့​ကြောင်​း သိရပါတယ်​။

Source - NS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။